Home
အားကစား
မန်ယူက ကိုဗင်ထရီကို အနိုင်ရအပြီးမှာ ကစားသမားအများစု အောင်ပွဲခံခြင်းမရှိခဲ့
DVB
·
April 22, 2024
Manutd_22042024

မန်ယူအသင်းက ကိုဗင်ထရီကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီးနောက်  ကစားသမားအများစု အောင်ပွဲခံခဲ့ခြင်းမရှိခဲ့ပါဘူး။

မန်ယူအသင်းဟာ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ပွဲချိန်မိနစ် ၇၀ နောက်ပိုင်းမှာ ၃ ဂိုးဆက်တိုက် ပြန်ပေးခဲ့ရပြီး အချိန်ပို ပင်နယ်တီအထိ ဆက်လက်ကစားခဲ့ရတာပါ။

ပင်နယ်တီအဆုံးအဖြတ်မှာ မန်ယူအသင်းက ကတ်စမီရို ဂိုးမဝင်ခဲ့ ပေမဲ့ ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး အက်ဖ်အေဖလားဗိုလ်လုပွဲ တက်ရောက်ခဲ့တာပါ။

မန်ယူအသင်းအတွက် နောက်ဆုံးပင်နယ်တီကို တိုက်စစ်မှူး ဟွိုက်လန်းက သွင်းယူအပြီးမှာ ကစားသမားအများစု အောင်ပွဲမခံခဲ့ဘဲ ဟွိုက်လန်းနဲ့ ဂိုးသမား အိုနားနားတို့ နှစ်ဦးတည်းသာ ပရိသတ်တွေရဲ့ရှေ့မှာအောင်ပွဲခံ ခဲ့တာပါ။

ကတ်စမီရို၊ ဖာနန်ဒက်စ်၊ ဒါလော့နဲ့ မက်ဂွဲယား တို့ကအောင်ပွဲခံခဲ့ခြင်းမရှိဘဲ အန်တိုနီ ကတော့ ပြိုင်ဘက်ပရိသတ်တွေဆီကို နားနှစ်ဖက်ကို ကိုင်ပြီး လှောင်ပြောင်ခဲ့ပါတယ်။

ကွင်းထဲက မန်ယူ အသင်းပရိသတ်တွေထဲမှာလည်း အသင်းရဲ့စွမ်းဆောင်ရည်ကို ကျေနပ်မှု မရှိတာကြောင့် တချို့ ပရိသတ်တွေက အောင်ပွဲခံခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013