Home
နိုင်ငံတကာ
အကြမ်းဖက်မှုများကြောင့် အိန္ဒိယနိုင်ငံ မဏိပူရတွင် ၁၁ နေရာ ရွေးကောက်ပွဲ ပြန်ကျင်းပမည်
DVB
·
April 22, 2024
India to rerun election in Manipur_22042024

လူမျိုးရေးပဋိပက္ခတွေ လနဲ့ချီ ဖြစ်ပွားနေတဲ့ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းပြည်နယ် မဏိပူရမှာ  အကြမ်းဖက်မှုတွေနဲ့ မဲပေးစက်တွေ ပျက်စီးခဲ့တာကြောင့် ဧပြီ ၂၂ ရက်မှာ မဲရုံ ၁၁ ရုံမှာ ရွေးကောက်ပွဲ ပြန်ကျင်းပမယ်လို့ တာဝန်ရှိသူတွေက ကြေညာပါတယ်။

မဲမသမာမှုတွေ ရှိခဲ့တာကြောင့် မဏိပူရက မဲရုံ ၄၇ ရုံမှာ ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ အတိုက်အခံ ကွန်ဂရက်ပါတီက တောင်းဆိုထားပေမဲ့ ၁၁ ရုံမှာပဲ ပြန်ကျင်းပမှာ ဖြစ်ပါတယ်။

လူဦးရေ သန်း ၁၀၀၀ နီးပါး မဲပေးပိုင်ခွင့်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး ၄၄ ရက်ကြာ ကျင်းပနေတာဖြစ်ပါတယ်။ 

ဇွန် ၁ ရက်အထိ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီဦးဆောင်တဲ့ လက်ရှိအာဏာရ ဘီဂျေပီ ပါတီပဲ ထပ်အနိုင်ရသွားမယ်လို့ ခန့်မှန်းထားကြပါတယ်။

မဏိပူရပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပတဲ့ သောကြာနေ့က လက်နက်ကိုင်အုပ်စုတွေအကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး လုံခြုံရေး တင်းကျပ်ထားတဲ့ကြားက မဲရုံတွေကို ဝင်သိမ်းဖို့ ကြိုးစားမှုတွေ ရှိခဲ့ပါတယ်။

မဏိပူရမှာ လူများစု မေတီ မျိုးနွယ်တွေနဲ့ တောင်တန်းဒေသနေ ကူကီး-ဇို တိုင်းရင်းသားတွေကြား ယမန်နှစ် မေလကတည်းက ပဋိပက္ခတွေ ပြင်းထန်နေခဲ့တာဖြစ်ပါတယ်။

Source/Photo - REUTERS/Stringer

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013