Home
နိုင်ငံတကာ
ယူကရိန်းက ရုရှားစွမ်းအင် အဆောက်အအုံများကို ဒရုန်းများဖြင့် တန်ပြန်တိုက်ခိုက်
DVB
·
April 21, 2024
Russia Ukrainian warplanes_21042024

ဧပြီ ၂၀ ရက် မနက်အစောပိုင်းမှာ ရုရှားနိုင်ငံတွင်း ဒေသရှစ်ခုက လောင်စာသိုလှောင်ကန်နဲ့ လျှပ်စစ်ဓာတ်အားခွဲရုံတွေကို ယူကရိန်းက တာဝေးပစ်ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း အထူးထောက်လှမ်းရေးက ထုတ်ပြန်ပါတယ်။ 

ရုရှားဟာ  အေးခဲနေတဲ့ ရာသီဥတုကို စစ်ပွဲရဲ့ လက်နက်အဖြစ် အသုံးချကာ ယူကရိန်းနိုင်ငံသားတွေ အမှောင်အတိကျစေဖို့ ရည်ရွယ်ပြီး ယူကရိန်းစွမ်းအင်ကဏ္ဍကို တောက်လျှောက် ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။

အခုအခါမှာတော့ ယူကရိန်းကလည်း ရုရှားကို အလားတူ တန်ပြန်တာ ဖြစ်ပါတယ်။ ၂၀ ရက်နေ့ သန်းခေါင်ကျော်မှာ ယူကရိန်းက တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း အတည်ပြုပါတယ်။ 

ဒေသ ၈ ခုမှာ တပြိုင်နက်တိုက်ခိုက်ခဲ့ရာမှာ ဓာတ်အားခွဲရုံ ၃ ခုနဲ့ လောင်စာသိုလှောင်ရုံ တခု အနည်းဆုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သတင်းရင်းမြစ်က စီအင်န်အင်န်သတင်းဌာနကို ပြောပါတယ်။ 

ရုရှားရဲ့ စစ်ဘက်ဆိုင်ရာ စက်မှုအဆောက်အအုံတွေကို ဓာတ်အားပေးနေတဲ့ စွမ်းအင်အခြေခံ အဆောက်အအုံတွေကို ယူကရိန်း ထောက်လှမ်းရေး (SBU)၊ စစ်ထောက်လှမ်းရေးနဲ့ အထူးစစ်ဆင်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။ 

လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်တခုမှာ ရုရှားနိုင်ငံ ဆမိုလန့်စ်ခ် ဒေသက လောင်စာ သိုလှောင်ကန်တစ်ခုမှာ မီးလောင်နေပုံကို မြင်တွေ့ရပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024