Home
နိုင်ငံတကာ
မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်ထိပ်ဖူးနှင့် လေယာဉ်ပစ်ဒုံးကျည်သစ် စမ်းသပ်ပစ်လွှတ်
DVB
·
April 21, 2024
North Korea conducts cruise missile warhead test on Friday, KCNA says

မြောက်ကိုရီးယားဟာ ဧပြီ ၁၉ ရက်က ခရုဇ်ဒုံးကျည်ထိပ်ဖူးနဲ့ လေယာဉ်ပစ်ဒုံးကျည်အသစ်တို့ကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဧပြီ ၂၀ ရက်မှာ ကြေညာပါတယ်။

မြောက်ကိုရီးယားဟာ လေယာဉ်ပစ် ဒုံးကျည်အမျိုးအစားသစ် “ပိုင်အိုရီဂျီ-1-2” နဲ့ “ဟွာဆယ် ဝမ်း Ra-3” မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်အတွက် တီထွင်ထုတ်လုပ်ထားတဲ့ အထူးကြီးမားတဲ့ ထိပ်ဖူးရဲ့ စွမ်းအင်ကို သောကြာနေ့မွန်းလွဲပိုင်းမှာ စမ်းသပ်ခဲ့တာဖြစ်ပြီး ဓာတ်ပုံတွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်ဟာ နျူကလီယားထိပ်ဖူးကို သယ်ဆောင်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတယ်လို့ ယုံကြည်ရပါတယ်။

မြောက်ကိုရီးယားဆီမှာ ထောက်လှမ်းရရှိတဲ့ ဒုံးကျည်စမ်းသပ်မှု အများအပြားကို မကြာခဏ ထုတ်ပြန်လေ့ရှိတဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့က ဒီတခေါက် ပစ်လွှတ်မှုနဲ့ ပတ်သက်လို့ ဘယ်သူကမှ ထုတ်မပြောခဲ့ကြပါဘူး။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013