မန်ယူအသင်းမှာ ဒဏ်ရာရ ကစားသမားတွေများပြားနေတာက အခက်ခဲဆုံးအရေးကိစ္စ ဖြစ်တယ်လို့ နည်းပြအဲရစ်တန်ဟတ်ဂ်က ပြောပါတယ်။
လက်ရှိမန်ယူအသင်းမှာ ခံစစ်ကစားသမား ၆ ဦးအပါအဝင် စုစုပေါင်း ၉ ဦး အထိ ဒဏ်ရာရရှိနေတာပါ။
ပြီးခဲ့တဲ့ ၁၈ လအတွင်းမှာ ဝေဖန်မှုတွေရင်ဆိုင်ခဲ့ရတာက ကိစ္စမရှိပေမဲ့ အဲဒီကာလအတွင်းမှာ ကစားသမားတွေကို အပြည့်အဝ ရွေးချယ်ခွင့်မရှိခဲ့တာက အခက်ခဲဆုံး ဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ဒဏ်ရာရရှိမှုဟာဘောလုံးမှာ သာမန်ကိစ္စ ဖြစ်ပေမဲ့ လက်ရှိ အသင်းရဲ့ အခြေအနေက တခြားအသင်းတွေနဲ့ မတူဘဲ ပိုပြီး ဆိုးရွားကြောင်း တန်ဟတ်ဂ်က ပြောပါတယ်။ မန်ယူအသင်းဟာ နောက်ခံလူတွေဖြစ်တဲ့ လုခ်ရှော၊ မာတီနက်ဇ်၊ လင်ဒီလော့ဖ်၊ ဗာရန်းတို့အပြင် မာစီယယ်နဲ့ အန်တိုနီတို့ဟာလည်း ဒဏ်ရာကြောင့်အ နားယူနေရပါတယ်။
မန်ယူအသင်းဟာ ကိုဗင်ထရီအသင်းနဲ့ ဧပြီ ၂၁ ရက် တနင်္ဂနွေနေ့မှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်သွားရမှာပါ။
မန်ယူအသင်းဟာ ဝေဖန်ခံနေရပေမဲ့ ထိပ်တန်းအဆင့်မှာရှိနေသေးကြောင်း ကိုဗင်ထရီနည်းပြ ရော်ဘင်က ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
မန်ယူအသင်းရဲ့ခြေစွမ်းနဲ့ရလဒ်ပိုင်းအပေါ် ဝေဖန်မူတွေရှိပေမဲ့ ထိပ်တန်းကစားသမားတွေနဲ့ ထိပ်တန်းအဆင့်ရှိနေသေးကြောင်း ကိုဗင်ထရီနည်းပြရော်ဘင်က ပြောပါတယ်။
လူတွေနဲ့ ဘောလုံးအစီအစဉ်သုံးသပ်သူတွေဟာ မန်ယူအသင်းအပေါ် ဝေဖန်နေကြပေမဲ့ အမှန်တရားတခုကတော့ မန်ယူအသင်းက ထိပ်တန်းအဆင့်ရှိနေဆဲဖြစ်ပြီး ဘယ်အသင်းမဆို အနိုင်ရရှိ အောင်စွမ်းဆောင်စွမ်းရှိကြောင်း နည်းပြရော်ဘင်က ပြောပါတယ်။
အက်ဖ်အေဖလားပွဲစဉ်မှာ မန်ယူအသင်းက အနိုင်ရဖို့ ရေပန်းစားတဲ့အသင်းဆိုတာ သိသာထင်ရှားနေပြီး အကောင်းဆုံးဖြစ်အောင် တုံ့ပြန်သွားမယ်လို့ ကိုဗင်ထရီနည်းပြရော်ဘင်က ပြောသွားပါတယ်။
Photo - Reuters