ပွဲဆက်တွေများနေတဲ့အပေါ် မန်စီးတီးနည်းပြဂွါဒီယိုလာနဲ့ အာဆင်နယ်နည်းပြ အာတေတာတို့က ဝေဖန်သွားပါတယ်။
မန်စီးတီးနဲ့ အာဆင်နယ် အသင်းတို့ဟာ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်တွေ ကစားခဲ့ရပြီးနောက် ၂ ရက်သာခြားပြီး အက်ဖ်အေဖလားပွဲစဉ်နဲ့ ပရီးမီးယားလိဂ်ပွဲတွေ ယှဉ်ပြိုင်ကစားခဲ့ရတာပါ။
ကစားသမားတွေရဲ့ ကျန်းမာရေးအရဆိုရင် ပွဲစဉ်ဇယားရေးဆွဲမှုက လက်ခံနိုင်စရာ မရှိကြောင်း၊ ဥရောပပွဲ မကစားခဲ့ရတဲ့ ကိုဗင်ထရီ၊ ချဲလ်ဆီးနဲ့ မန်ယူအသင်းတို့က နားရက်ပိုမိုရရှိနေကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
နည်းပြ အာတေတာကတော့ ပွဲစဉ်ဇယား ရေးဆွဲမှုအပေါ် ဝေဖန်နေတာက မိမိတို့အတွက် မဟုတ်ဘဲ အသင်းအားလုံးနဲ့ ကစားသမားတွေရဲ့ ကျန်းမာရေးအတွက်ဖြစ်ကြောင်း လက်ရှိ ပွဲစဉ်ဇယားရေးဆွဲမှုဟာ မှားယွင်းနေကြောင်း ဝေဖန်ပါတယ်။
ကစားသမားတွေရဲ့ ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်လာဖို့နဲ့ ကောင်းမွန်တဲ့ခြေစွမ်း ထုတ်ပြနိုင်ဖို့အတွက် ကာကွယ်ပေးသင့်ကြောင်းလည်း နည်းပြ အာတေတာက ပြောသွားပါတယ်။
Photo - Reuters