Home
အားကစား
အာဆင်နယ် ပြင်ဆင်သင့်သည့် အချက် ၂ ချက်ကို နောက်ခံလူဟောင်း မီကာရစ်ချတ် ထောက်ပြ
DVB
·
April 20, 2024
Arsenal_20042024

အာဆင်နယ်အသင်း ပြင်ဆင်သင့်တဲ့ အချက် ၂ ချက်ကို အင်္ဂလန်နဲ့ မန်စီးတီးနောက်ခံလူဟောင်း မီကာရစ်ချတ်က ထောက်ပြသွားပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ရှုံးပွဲတွေ့ခဲ့ရသလို ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်အသင်းကို နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုး ရလဒ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။ 

မီကာရစ်ချက်ကတော့ အာဆင်နယ်အနေနဲ့ ကြံ့ခိုင်မှုပိုင်း အားနည်းတာနဲ့ ဘယ်နောက်ခံလူ နေရာမှာ အားနည်းချက်ရှိတာတွေကို ပြင်ဆင်ဖို့လိုအပ်ကြောင်း ထောက်ပြသွားတာပါ။ 

အာဆင်နယ်အသင်းဟာ ကြံ့ခိုင်မှုပိုင်းနဲ့ လူအင်အား နည်းပါးတာကြောင့် မန်စီးတီးအသင်းလို တပတ်ကို သုံးပွဲ ကစားနိုင်စွမ်းမရှိကြောင်း၊ ဘယ်နောက်ခံနေရာမှာ ကစားသမားတွေ ရှိနေပေမဲ့ ပုံမှန်ခြေစွမ်းပြနိုင်တဲ့ ကစားသမား မရှိကြောင်း မီကာရစ်ချတ်က ပြောသွားပါတယ်။ 

Photo - Kai Pfaffenbach/Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013