Home
မြန်မာသတင်း
ထိုင်းအစားအသောက်ကုမ္ပဏီက မွန်စစ်ဘေးရှောင်များအတွက် ဘတ် ၁ သိန်းကျော်လှူဒါန်း
DVB
·
April 19, 2024
MonDonation01_19042024

ထိုင်းနိုင်ငံအခြေစိုက် အစားအသောက်ကုမ္ပဏီတခုက မွန်ပြည်နယ်ရှိ စစ်ဘေးရှောင်တွေအတွက် ငွေသား၊ ဆန်နဲ့ စားစရာ စုစုပေါင်း ဘတ် ၁၀၁,၀၀၀ လှူဒါန်းခဲ့တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ပြောပါတယ်။

မွန်လူမျိုးတွေပိုင်တဲ့ ထိုင်းအခြေစိုက် စားသောက်ကုမ္ပဏီတခုဖြစ်တဲ့ ဟံသာမွန်ကုမ္ပဏီက မွန်စစ်ဘေးရှောင်တွေအတွက် မွန်ဖက်ဒရယ်ကောင်စီကတဆင့် ဆန်အိတ် ၃၀၊ ဘတ် ၃၃,၀၀၀၊ စားနပ်ရိက္ခာအခြောက် ဘတ် ၄၈,၀၀၀ ဖိုးနဲ့ ငွေသား ဘတ် ၂၀,၀၀၀ စုစုပေါင်း ဘတ် ၁၁၀,၀၀၀ လှူဒါန်းခဲ့ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ မိဆုတဂျိုက “မွန်စစ်ဘေးရှောင်တွေအတွက် ထိုင်းက မွန်လူမျိုးပိုင်တဲ့ ကုမ္ပဏီတခုကနေ မွန်ဖက်ဒရယ်ကောင်စီကို လှူတာပါ။ သူတို့က စစ်ဘေးရှောင်တွေအတွက် ပထမဆုံးအနေနဲ့ လှူပေးတာပါ။ ဆန်အိတ် ၃၀ ရယ်၊ စာနပ်ရိက္ခာအခြောက် ၃၆ အိတ်ရယ်၊ ငွေသား ဘတ် ၂၀,၀၀၀ ရယ်ပါ။ လှူဒါန်းတဲ့ဟာတွေကို စစ်ဘေးရှောင်တွေဆီ အရောက်ပို့ပေးသွားမှာပါ” လို့ ပြောပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မတ် ၂၄ ရက်မှာ မွန်-ကရင်နယ်စပ်မှာရှိတဲ့ ကော့ဘိန်းနယ်မြေရဲစခန်းကို သိမ်းပိုက်ပြီးတဲ့အချိန်ကစပြီး စစ်ကောင်စီက လေကြောင်းနဲ့ ရေတပ် စစ်‌သင်္ဘောက လက်နက်ကြီးတွေနဲ့ ဓမ္မသ၊ ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ကြိုက်၊ ကော့ဝမ်း၊ ကော့ဒွန်း၊ ကော့ပနာနဲ့ အံ့ကစင်ကျေးရွာတွေကို အဆက်မပြတ် ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီလက်နက်ကြီးကြောင့် ဓမ္မသကျေးရွာရှိ ဘာသာရေးအဆောက်အအုံတွေနဲ့ နေအိမ် ၅၀၀ ကျော် မီးလောင်ခဲ့ရတဲ့အပြင် ဓမ္မသာရွာနဲ့ အနီးနားကျေးရွာတွေက ပြည်သူ ၅၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေတာကြောင့် စစ်ဘေးရှောင်ဦးရေ ၁ သိန်းထိ တိုးလာနိုင်တယ်လို့ မွန်ဖက်ဒရယ်ကောင်စီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013