Home
နိုင်ငံတကာ
အစ္စရေးက အီရန်ကို ပြန်လည်တိုက်ခိုက်
DVB
·
April 19, 2024
Israel-Iran_19042024

အစ္စရေးက အီရန်နိုင်ငံထဲမှာ တိုက်ခိုက်မှု စတင်ပြုလုပ်လိုက်ပြီဖြစ်ပြီး ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုကြောင့် အစ္စဖာဟန်က စစ်စခန်းတခုအနီးမှာ ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ ABC နဲ့ CNN သတင်းက ဖော်ပြပါတယ်။

နန့်တက်ဇ်က ယူရေနီယမ်သန့်စင်ရေးစခန်း အပါအဝင် အီရန် နျူးကလီးယားနဲ့ပတ်သက်တဲ့ စခန်းအများအပြားဟာ အစ္စဖာဟန်ပြည်နယ်မှာ တည်ရှိတာဖြစ်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေတွေကိုတော့ လတ်တလော မသိရသေးပါဘူး။

အီရန်ဘက်က ပြည်နယ်အများအပြားမှာ လေကြောင်းကာကွယ်ရေးစနစ်တွေ အသက်သွင်းလိုက်ပြီဖြစ်ပြီး လေကြောင်းခရီးစဉ် အများအပြားကိုလည်း ရပ်ဆိုင်းလိုက်ပြီလို့ သိရပါတယ်။

အီရန်ဝေဟင်ကနေ ဖြတ်သန်းပျံသန်းတဲ့ အမ်းမရိတ်နဲ့ ဖလိုင်းဒူဘိုင်း လေကြောင်းခရီးစဉ်တွေလည်း ချက်ချင်း လမ်းကြောင်းပြောင်းသွားတယ်လို့ Flightradar24 ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အီရန်က အစ္စရေးဘက်ကို ရာနဲ့ချီတဲ့ဒုံးကျည်နဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် အစ္စရေးက တုံ့ပြန်တာဖြစ်ပြီး အီရန်ဟာ သူ့လုပ်ရပ်အတွက် အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ အစ္စရေးစစ်ဦးစီးချုပ် ဟာဇီဟာလယ်ဗီက ဧပြီ ၁၅ ရက်မှာ ပြောထားပါတယ်။

Source-Reuters, Photo-CNN

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013