Home
အားကစား
လိုက်ပ်ဇစ်တိုက်စစ်မှူး ဆက်စ်ကို ကို ခေါ်ယူရန် ချဲလ်ဆီး၊ မန်ယူတို့နှင့်အပြိုင် အာဆင်နယ် ကြိုးပမ်း
DVB
·
April 19, 2024
Benjamin Sesko_19042024

အာဆင်နယ်အသင်းဟာ ဂျာမန်ကလပ် လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျာမင်ဆက်စ်ကို ကို ခေါ်ယူနိုင်ဖို့အတွက် ချဲလ်ဆီး၊ မန်ယူအသင်းတွေနဲ့အပြိုင် ကြိုးပမ်းနေပါတယ်။

အသက် ၂၀ ပဲရှိသေးတဲ့ ဆလိုဗေးနီးယားတိုက်စစ်မှူးဟာ အရပ် ၆ ပေ ၄ လက်မရှိပြီး စုစုပေါင်း ၂၇ ပွဲမှာ ၁၃ ဂိုး သွင်းယူထားတာပါ။

ဆက်စ်ကိုရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရိုသန်း ၅၀ ရှိပြီး လာမယ့်နွေရာသီမှာ စတင်အကျုံးဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဆလိုဗေးနီးယားတိုက်စစ်မှူးဟာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းနဲ့ ကစားပုံဆင်တူတယ် ဆိုပြီး ချီးကျူးခံနေရပြီး အာဆင်နယ်နဲ့အပြိုင် ချဲလ်ဆီးနဲ့ မန်ယူအသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ကစားသမားဖြစ်သူရဲ့ ကိုယ်စားလှယ်တွေဟာလည်း ကလပ်အသင်းတွေရဲ့ ဖိတ်ကြားချက်အရ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လာရောက်ကြည့်ရှုခဲ့ဖူးပါတယ်။

ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ ငယ်ဘဝရဲ့ အတုယူ စံပြကစားသမားဖြစ်ကြောင်း ဆက်စ်ကိုက ပြောကြားခဲ့ဖူးပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013