ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် ပထမအကျော့ပွဲစဉ်မှာ ပရိသတ်တွေက လူမျိုးရေးခွဲခြားတာတွေနဲ့ မီးရှူးမီးပန်း ပစ်ပေါက်ခဲ့တာတွေကြောင့် အရေးယူခံခဲ့ရပါတယ်။
ပဲရစ်မြို့မှာ လိုက်ပါကြည့်ရှုခဲ့တဲ့ ဘာစီလိုနာ ပရိသတ်တွေဟာ ပီအက်စ်ဂျီကစားသမားတွေကို လူမျိုးရေးခွဲခြားတဲ့ အပြုအမူတွေနဲ့ လှောင်ပြောင်ခဲ့သလို မီးရှူးမီးပန်းတွေ ပစ်ပေါက်မှုကြောင့် ပွဲကြည့်စင်ပေါ်မှာ ပျက်စီးမှုတချို့ ရှိခဲ့တာပါ။
အဲဒီအတွက် နောက်ထပ် ဥရောပပွဲစဉ်တပွဲမှာ အဝေးကွင်းပွဲစဉ်လက်မှတ်ရောင်းချခွင့် ပိတ်ပင်ခဲ့ပြီး ယူရိုငွေ ၃၂,၀၀၀ လည်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။
ပီအက်စ်ဂျီအသင်းရဲ့ အိမ်ကွင်းပွဲကြည့်စင်တချို့ ပျက်စီးခဲ့တာအတွက် ဘာစီလိုနာအသင်းဘက်က ရက်ပေါင်း ၃၀ အတွင်း လျော်ကြေးပေးဆောင်သွားဖို့လည်း အမိန့်ချမှတ်ခဲ့ပါတယ်။
ဘာစီလိုနာဟာ ပီအက်စ်ဂျီကို အဝေးကွင်းမှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ အိမ်ကွင်းမှာ ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
Photo-Reuters