Home
နိုင်ငံတကာ
အီကွေဒေါနိုင်ငံထဲက ဗင်နီဇွဲလားသံရုံးနှင့် ကောင်စစ်ဝန်ရုံးတို့ ပိတ်ပစ်ရန် အမိန့်ထုတ်
DVB
·
April 18, 2024
Venezuela Ecuador Murduro_18042024

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုက အီကွေဒေါနိုင်ငံထဲက ဗင်နီဇွဲလား အစိုးရသံရုံးနဲ့ ကောင်စစ်ဝန်ရုံး နှစ်ခုကို ပိတ်ပစ်ဖို့ အမိန့်ထုတ်ခဲ့တယ်လို့ ဗင်နီဇွဲလားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနက ဧပြီ ၁၆ ရက်မှာ ပြောပါတယ်။

အီကွေဒေါအစိုးရက ဒုသမ္မတဟောင်း ဟိုဟေး ဂလက်စ်ကို မက်ဆီကိုသံရုံးထဲ ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာကို ကန့်ကွက်တဲ့အနေနဲ့ ခုလို အမိန့်ထုတ်ခဲ့တာပါ။

အီကွေဒေါရဲတပ်ဖွဲ့က အကျင့်ပျက်ခြစားမှုနဲ့ နှစ်ကြိမ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဂလက်စ်ကို ဧပြီ ၅ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။ 

ဒီဇင်ဘာလကတည်းက မက္ကဆီကိုသံရုံးမှာ ခိုလှုံနေခဲ့တဲ့ ဂလက်စ်ကို သံရုံးထဲ ဝင်ရောက်စီးနင်း ဖမ်းဆီး ဖယ်ရှားခဲ့တာပါ။

ဒီဖမ်းဆီးမှုကြောင့် ဂလက်စ်ကို နိုင်ငံရေးခိုလှုံခွင့် ကမ်းလှမ်းထားတဲ့ မက္ကဆီကိုနိုင်ငံနဲ့ အီကွေဒေါ နိုင်ငံကြား သံတမန် ဆက်ဆံရေးကို ရပ်ဆိုင်းဖို့ လှုံ့ဆော်သလို ဖြစ်ခဲ့ပါတယ်။

Source/Photo - Miraflores Palace handout/Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013