ဝီကီလိခ်တည်ထောင်သူ ဂျူလီယန်အက်ဆန်းဂ်ကို ဗြိတိန်နိုင်ငံကနေ လွှဲပြောင်းပေးဖို့ လန်ဒန်မြို့တော်မှာ ရှိတဲ့ တရားရုံးချုပ်က တောင်းဆိုထားတဲ့ အာမခံချက်တွေကို အမေရိကန်ပြည်ထောင်စုက ပေးအပ်ခဲ့တယ်လို့ ဇနီးဖြစ်သူရဲ့ ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၁၆ ရက်မှာ အတည်ပြုခဲ့ပါတယ်။
အမေရိကန်ရဲ့ အာမခံချက်တချို့ကို မရခဲ့ရင် ဝီကီလိခ်ကနေ အမေရိကန်စစ်တပ်ရဲ့ လျှို့ဝှက် မှတ်တမ်းတွေနဲ့ သံတမန်ရေးဆိုင်ရာ ကြေးနန်းတွေကို ထုတ်လွှင့်ခဲ့တာနဲ့ ပတ်သက်ပြီး သူလျှိုမှု အပါအဝင် စွဲချက် ၁၈ ခုကို ရင်ဆိုင်ဖို့ အသက် ၅၂ နှစ်အရွယ် ဂျူလီယာ အာဆန်ကို အမေရိကန် နိုင်ငံဆီကို လွှဲမပေးရေး အယူခံအသစ်ကို ခွင့်ပြုမယ်လို့ တရားရုံးချုပ်က ပြီးခဲ့တဲ့လက ဆုံးဖြတ်ခဲ့ပါတယ်။
အာမခံချက်တွေထဲမှာ အမေရိကန် တရားခွင်မှာ အာဆန်ဟာ လွတ်လပ်စွာ ပြောဆိုခွင့် ပထမ ပြင်ဆင်ချက်ကို အားကိုးနိုင်ပြီး သေဒဏ်ချမှတ်ခံရမယ့် စွဲချက်အသစ်တွေ ထပ်စွဲဆိုမယ့် အလားအလာ မရှိဘူးဆိုတဲ့ အချက်တွေ ပါပါတယ်။
ဒီအာမခံချက်တွေကို အင်္ဂါနေ့ နောက်ဆုံးထားပြီး တင်သွင်းခဲ့တာလို့ တရားခံလွှဲပြောင်းရေး လှုပ်ရှားမှုအဖွဲ့က အတည်ပြုခဲ့ပါတယ်။
အခု မေလ ၂၀ ရက်နေ့မှာ တရားရုံးကြားနာတာတွေ လုပ်တော့မှာ ဖြစ်ပါတယ်။ အရင်အမှုတွေမှာ ပေးထားတဲ့ အမေရိကန်ရဲ့ အာမခံချက်တွေက တန်ဖိုးနည်းလွန်းတယ်လို့ အာဆန်ရဲ့ ရှေ့နေတွေက ရည်ညွှန်းပြောဆိုခဲ့ကြပါတယ်။
လန်ဒန်မှာ အကျဉ်းကျနေချိန်အတွင်း လက်ထပ်ခဲ့တဲ့ အာဆန်ရဲ့ ဇနီး စတယ်လာက အမေရိကန်ရဲ့ အာမခံချက်တွေဟာ သူတို့ရဲ့ စိုးရိမ်မှုတွေကို မကျေနပ်စေဘဲ အာကျယ်နေတဲ့ ဝေ့လည်ကြောင်ပတ် စကားတွေသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး အမေရိကန် တရားရေးဌာနကရော တရားရုံး ပြောရေးဆိုခွင့်ရှိသူကပါ ချက်ချင်းမှတ်ချက် မပေးခဲ့ပါဘူး။
Source/Photo - REUTERS/Leonhard Foeger