အာဆင်နယ် ကစားသမားတွေကို ဝန်းရံပေးကြဖို့ နည်းပြအာတေတာက တိုက်တွန်းသွားပါတယ်။
အာဆင်နယ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။
အသင်းအနေနဲ့ ကွာတားဖိုင်နယ်အဆင့်ကို ယှဉ်ပြိုင်ခွင့်မရတာက ၇ နှစ်ကြာပြီဖြစ်လို့ ကစားသမား အများစုအတွက် ပထမဆုံး ပြိုင်ပွဲအတွေ့အကြုံ ဖြစ်တယ်လို့ နည်းပြအာတေတာက ပြောပါတယ်။
၁၀ ပွဲဆက်တိုက် နိုင်ပွဲရရှိချိန်တုန်းက ကစားသမားတွေကို ထောက်ခံချီးကျူးဖို့ လွယ်ကူကြောင်း၊ ရှုံးပွဲတွေ့ချိန်မှာတော့ ကစားသမားတွေကို ဝန်းရံပေးဖို့ လိုအပ်တဲ့အချိန် ဖြစ်ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။
လာမယ့်စနေနေ့မှာ ကစားရမယ့် ဝုဗ်အသင်းနဲ့ ပွဲအတွက် ဆက်လက်အာရုံစိုက်သွားရမှာဖြစ်ပြီး အဲဒီပွဲစဉ်မှာ ချန်ပီယံလိဂ်အရှုံးကနေ ပြန်လည်နိုးထနိုင်ဖို့ နည်းပြအာတေတာက မျှော်လင့်နေပါတယ်။
Photo-Reuters