Home
အားကစား
မန်စီးတီးနှင့် အာဆင်နယ်တို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်
DVB
·
April 18, 2024
MCity_18042024

ဒီကနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ အင်္ဂလန်ကိုယ်စားပြုအသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ မန်စီးတီးအသင်းတွေက ပြိုင်ဘက်တွေကိုအသီးသီးရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွါခဲ့ရပါတယ်။

တချိန်တည်းကစားခဲ့ကြတဲ့ အဲဒီပွဲစဉ်တွေမှာ အာဆင်နယ်က ဘိုင်ယန်မြူးနစ်အသင်းကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ ပြိုင်ပွဲကနေ ထွက်ခွါခဲ့ရတာပါ။

မန်စီးတီးအသင်းက ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရာမှာ တဂိုးစီသရေကျခဲ့လို့ အချိန်ပို ပင်နယ်တီအထိ ရောက်ခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာ ရီးရဲလ်မက်ဒရစ်အသင်းမှ မိုဒရစ်က စတင်လွဲချော်ခဲ့ပေမဲ့ မန်စီးတီးက အခွင့်အရေးမယူနိုင်ခဲ့ဘဲ ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။

အင်္ဂလန်ကိုယ်စားပြုနှစ်သင်းစလုံး ကွာတားအဆင့်ကနေ ထွက်ခဲ့ရတဲ့အတွက်  လိဂ် အဆင့်ကျဆင်းသွားဖို့ ရှိပြီး လာမယ့်ရာသီ ဥရောပချန်ပီယံလိဂ်ဝင်ခွင့် ၅ နေရာရရှိနိုင်မယ့် မျှော်လင့်ချက်လည်း အားနည်းသွားခဲ့ရပါတယ်။ 

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024