တောင်အာဖရိက စုံထောက်တွေဟာ မြို့တော် ကိတ်ပ်တောင်းန်ရဲ့ ကိုင်ယာလိချမြို့နယ်မှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လူ ၅ ဦး သေဆုံးခဲ့ရမှုကို စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၁၇ ရက်မှာ ပြောပါတယ်။
ဒေသစံတော်ချိန် မနက် ၆ နာရီ ဝန်းကျင်လောက်မှာ အန်ကူမူလမ်းမှာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ရဲ့ အလောင်းတွေကို သေနတ်ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တဲ့အတွက် ရဲတွေကို ဆင့်ခေါ်ခဲ့ကြောင်း တောင်အာဖရိကရဲဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီသေဆုံးမှုတွေဟာ အဲဒီအနီးတဝိုက်မှာပဲ မနက်အစောပိုင်းက တခြားလူတဦး ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်မှုရှိနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။
Source/Photo - REUTERS/Esa Alexander