Home
အားကစား
ပီအက်စ်ဂျီမှ ထွက်ခွာမည့်ဆုံးဖြတ်ချက် မပြောင်းလဲဟု အမ်ဘာပေ ပြော
DVB
·
April 18, 2024
Kylian Mbappe_18042024

ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာမယ့် ဆုံးဖြတ်ချက် ပြောင်းလဲမှာမဟုတ်ကြောင်း တိုက်စစ်မှူး အမ်ဘာပေက ပြောသွားပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘာစီလိုနာအသင်းကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တာပါ။

အသင်းနဲ့အတူ ဆီမီးဖိုင်နယ်တက်လှမ်းနိုင်ခဲ့ပေမဲ့ ရာသီကုန်မှာ ထွက်ခွာမယ့် ဆုံးဖြတ်ချက်ကို ပြောင်းလဲသွားမှာမဟုတ်ကြောင်း အမ်ဘာပေက ပြောခဲ့တာပါ။ 

ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားတဦး ဖြစ်ရတဲ့အပေါ် ဂုဏ်ယူမိပြီး ချန်ပီယံဆုဖလား ရယူပေးချင်ကြောင်း အမ်ဘာပေက ပြောပါတယ်။

ဒါပေမဲ့ အသင်းကနေ ထွက်ခွာမယ့် ဆုံးဖြတ်ချက်ကိုတော့ ပြန်လည်ပြင်ဆင်သွားဖို့မရှိကြောင်း အမ်ဘာပေက ပြောပါတယ်။

ပီအက်စ်ဂျီအသင်းဘက်ကတော့ အမ်ဘာပေကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတာပါ။ အမ်ဘာပေဟာ အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရရှိထားတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ 

Photo -  REUTERS/Juan Medina

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013