ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အက်တလန်တာကို ၃ ဂိုးပြတ် ပြန်သွင်းနိုင်ဖို့ လီဗာပူးနည်းပြ ကလော့ပ်က မျှော်လင့်ထားပါတယ်။
ပထမကျော့တုန်းက လီဗာပူးအသင်းက အိမ်ကွင်းမှာ သုံးဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် နောက်တဆင့် တက်ဖို့ဆိုရင် ၃ ဂိုးပြန်သွင်းနိုင်မှ မျှော်လင့်ချက်ရှိလာမှာပါ။
နိုင်ပွဲရရှိအောင် အာရုံစိုက်ကစားသွားရမှာ ဖြစ်ပြီး ကစားပုံကောင်းမွန်မယ်ဆိုရင် အနိုင်ရဖို့ အခွင့်အရေးရှိမှာ ဖြစ်ကြောင်း၊ ပြိုင်ဘက်က ဂိုးထပ်သွင်းဖို့ မလိုအပ်တော့တဲ့ အခြေအနေက ကစားရပိုပြီး ခက်စေမှာဖြစ်ကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။
အသင်းနဲ့ နောက်ဆုံးရာသီမှာ ဆုဖလားမရယူနိုင်ဘဲ ကျရှုံးခဲ့မယ်ဆိုရင်လည်း အလှပဆုံး နည်းလမ်းနဲ့ နှုတ်ဆက်ခွဲခွာမှာ ဖြစ်ကြောင်း ဂျာမန်နည်းပြကလော့ပ်က ပြောသွားပါတယ်။
Photo - Reuters/Andrew Boyers