Home
အားကစား
ချန်ပီယံလိဂ်ဆုဖလားမရပါက  ရှုံးနိမ့်သည့် ဘောလုံးရာသီဖြစ်မည်ဟု ဟယ်ရီကိန်းပြော
DVB
·
April 17, 2024
HarryKane_17042024

ဘိုင်ယန်မြူနစ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဆုဖလား မရခဲ့ဘူးဆိုရင် ရှုံးနိမ့်တဲ့ ဘောလုံးရာသီ ဖြစ်သွားမယ်လို့ တိုက်စစ်မှူးဟယ်ရီကိန်းက ပြောပါတယ်။

ဘိုင်ယန်မြူနစ်အသင်းဟာ ဘွန်ဒက်စ်လီဂါမှာ ၁၁ နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ပေမဲ့ အခုနှစ် ရာသီမှာတော့ လေဗာကူဆင်အသင်းက ချန်ပီယံဆုရယူ သွားခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်မှာ ချန်ပီယံမဖြစ်ခဲ့ရင် ဆုဖလားလက်မဲ့ရာသီအဖြစ် မှတ်တမ်းဝင်သွားမှာပါ။

ဟယ်ရီကိန်းကတော့ ဆုဖလားလက်မဲ့ရာသီမဖြစ်ဖို့ အခွင့်အရေးက ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်ဖို့ ဖြစ်ပြီး အဲဒီလိုမလုပ်ဆောင်နိုင်ခဲ့ရင်တော့ ရှုံးနိမ့်တဲ့ ဘောလုံးရာသီတခု ဖြစ်သွားမယ်လို့ ပြောပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ အာဆင်နယ်နဲ့ ကွာတားဖိုင်နယ်ပထမ အကျော့မှာ ၂ ဂိုးစီ သရေကျခဲ့ပြီး အိမ်ကွင်းမှာကစားရမယ့် ဒုတိယအကျော့မှာ နိုင်ပွဲရယူနိုင်မှ ဆုဖလား ရယူနိုင်မယ့် မျှော်လင့်ချက် ရှင်သန်လာမှာ ဖြစ်ပါတယ်။

စပါးတိုက်စစ်မှူးဟောင်း ဟယ်ရီကိန်းဟာ ကစားသမားဘဝတလျှောက် ဆုဖလား ရယူနိုင်ခြင်းမရှိသေးသူ ဖြစ်ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013