Home
အားကစား
ပင်နယ်တီ လုကန်မှု ရှက်စရာကောင်းကြောင်း နည်းပြပိုချက်တီနို ဝေဖန်
DVB
·
April 17, 2024
Chelsea Pochettino_1704202

ချဲလ်ဆီးအသင်းသားတွေအနေနဲ့ ပင်နယ်တီလုကန်ဖို့ ကြိုးပမ်းခဲ့ကြတာက ရှက်စရာကောင်းကြောင်း နည်းပြပိုချက်တီနိုက ဝေဖန်သွားပါတယ်။

ချဲလ်ဆီးက အဲဗာတန်အသင်းကို ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ  အသင်းရဲ့ ၅ ဂိုးမြောက် သွင်းဂိုးကို ကိုးလ်ပါလ်မာက ပင်နယ်တီကနေတဆင့် သွင်းယူခဲ့တာပါ။

အဲဒီပင်နယ်တီမကန်ခင်မှာ တိုက်စစ်မှူး နီကိုလပ်ဂျက်ဆန်နဲ့ တောင်ပံကစားသမား မာဒူကီတို့က ပင်နယ်တီ လုကန်ဖို့ ကြိုးပမ်းခဲ့ကြပြီး စကားအချေအတင် ဖြစ်ခဲ့ကြတာပါ။

ဒါ့အပြင် ပင်နယ်တီ ကန်သွင်းခွင့်ရတဲ့ ပါလ်မာနဲ့လည်း စကားအချေအတင် ဖြစ်ခဲ့ပါသေးတယ်။ သူ့တို့ကို အသင်းခေါင်းဆောင် ဂေါ်လဂါနဲ့ ကိုင်ဆယ်ဒိုတို့က ဝိုင်းဝန်းဖျန်ဖြေခဲ့ရတာပါ။

နည်းပြပိုချက်တီနိုကတော့ ပင်နယ်တီကန်သွင်းတဲ့ တာဝန်ကို ပါလ်မာကို ပေးအပ်ထားတာ အသင်းသားအားလုံး သိရှိကြောင်း၊ နောက်တကြိမ် အလားတူ လုပ်ဆောင်ခဲ့မယ်ဆိုရင် ပွဲထွက်ခွင့်ပေးမှာ မဟုတ်ကြောင်း ပွဲအပြီးမှာ ပြောပါတယ်။

ကမ္ဘာ့တဝန်းက ပရိသတ်တွေ ကြည့်နေကြတဲ့ပွဲစဉ် ဖြစ်တာကြောင့် အသင်းရဲ့ ပုံရိပ်ကျဆင်းစေပြီး ရှက်စရာကောင်းကြောင်းလည်း  နည်းပြပိုချက်တီနိုက ပြောသွားပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013