Home
မြန်မာသတင်း
မြဝတီမြို့တွင်းရှင်းလင်းရေး ပြည်သူထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမည်
DVB
·
April 16, 2024
275B_16042024
275_16042024
275A_16042024

ကရင်ပြည်နယ်၊ မြဝတီမြို့တွင်းရှင်းလင်းရေးလုပ်ဆောင်ရာမှာ ပြည်သူလူထုထိခိုက်နစ်နာမှု အနည်းဆုံးနည်းဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ KNU တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ပြောပါတယ်။

ဧပြီ ၁၀ ရက်နေ့ ည ၁၀ နာရီက ကရင်ပြည်နယ် မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ တပ်ရင်းကို   ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းစစ်ကြောင်းတွေက အပြီးသပ်သိမ်းပိုက်ရရှိခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

KNU တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက “နယ်​မြေရှင်းလင်းတာ​တော့ ဆက်လုပ်ရမှာ​ပါ။ ​လော​လောဆယ်​တော့ ပြည်သူလူထုထိခိုက်နစ်နာမှု အနည်းဆုံးနည်းနဲ့ ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ချင့်ချိန်ပြီးလုပ်​ဆောင်ဖို့ ရည်ရွယ်ထားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလက်​အောက်ခံ ဝန်ထမ်း​တွေကို သာမာန်ပြည်သူ​တွေဘဝနဲ့ ဆက်လက်ရှင်သန်ခွင့်​ ပေးသွားမှာဖြစ်ပေမဲ့ တာဝန်ထမ်းဆောင်ခဲ့စဉ်က ပြည်သူလူထုအပေါ် ပြုမူ,ပြောဆို ဆက်ဆံတဲ့အခြေအနနေဲ့ အခုအချိန်အထိ စစ်ကောင်စီကို သစ္စာခံ​နေသူတွေကို သေချာစိစစ်မှာဖြစ်လို့ အရေးယူခံရနိုင်သူတွေလည်း ရှိနိုင်တယ်လို့ စစ်ဗျူဟာမှူးက ပြောပါတယ်။

မတ် ၈ ရက်နေ့ကစတင်ခဲ့တဲ့ ကရင်ပြည်နယ် မြဝတီမြို့ရှိ ခလရ ၂၇၅ ၊ သင်္ကန်းညီနောင်ရှိ  သင်္ကန်းညီနောင်ဗျူဟာ၊ ခမရ ၃၅၆၊ ခမရ ၃၅၇ တပ်ရင်းသိမ်းတိုက်ပွဲတွေဟာ ဧပြီ ၁၀ ရက်နေ့မှာ  KNLA၊ PDF ပူးပေါင်းစစ်ကြောင်းတွေက အပြီးသပ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနီးအနားက ဘာသာရေး အဆောက်အအုံတွေနဲ့ ပြည်သူတွေရဲ့နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့တဲ့အပြင် ဒေသခံပြည်သူတွေဟာ မြို့ဝတီမြို့တွင်းဘက်ကို တိမ်းရှောင်သူတွေရှိသလို မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ဘက်ကို တိမ်းရှောင်သူ ထောင်နဲ့ချီရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013