Home
နိုင်ငံတကာ
အစ္စရေး တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ တပ်မှူးအပါအဝင် ၃ ဦး သေဆုံး
DVB
·
April 17, 2024
Israel Strike_17042024

လက်ဘနွန်နိုင်ငံမှာ ဧပြီ ၁၆ ရက်က အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာတပ်မှူး တဦး အပါအဝင် လူ ၃ ဦး သေဆုံးခဲ့ကြောင်း လက်ဘနွန် လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

လက်ဘနွန်တောင်ပိုင်းမှာ နှစ်ဝက်ကျော်ကြာ တိုက်ပွဲတွေအတွင်း အနည်းဆုံး တပတ်ကြာ ငြိမ်သက်သွားပြီးနောက် အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့တာလို့ ဆိုပါတယ်။ 

တောင်ပိုင်း အိုင်န်အေးဘဲလ်မြို့အနီး တိုက်ခိုက်မှုအတွင်း ကားပေါ်မှာ သေဆုံးသွားတဲ့ အစ္စမေးလ်ဘတ်စ်ဟာ ဟစ်ဇ်ဘိုလာရဲ့ ကမ်းရိုးတန်းတပ်ဖွဲ့က တပ်မှူးဖြစ်ပြီး အစ္စရေးနိုင်ငံကို ဒုံးပျံနဲ့ တင့်ကားဖျက်ဒုံးကျည် တိုက်ခိုက်ရေး အစီအစဉ်တွေမှာ ပါဝင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ 

ဟစ်ဇ်ဘိုလာက ဘတ်စ် သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပေမဲ့ အဖွဲ့အစည်းထဲမှာ သူ့ရဲ့ရာထူးတာဝန်ကို အသေးစိတ်ဖော်ပြခြင်း မရှိပါဘူး။ 

ရွေ့လျားနေတဲ့ ယာဉ်တစီးကို တိုက်ခိုက်မှုတခုကြောင့် ထိမှန်သွားတဲ့ ကောင်းကင်ရိုက်ချက်ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တခုကို အစ္စရေးစစ်တပ်က ဧပြီ ၁၆ ရက်မှာ ပြသခဲ့ပြီး ရိုက်တာကတော့ ဗီဒီယိုရိုက်ကူးခဲ့တဲ့ တည်နေရာနဲ့ ရက်စွဲကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

တောင်ပိုင်း ချဲဟာဘီမြို့အနီးမှာ အစ္စရေးတို့ရဲ့ သီးခြားတိုက်ခိုက်မှုကြောင့် အနည်းဆုံး ဟစ်ဇ်ဘိုလာ အဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်နဲ့ အရပ်ဘက် ကာကွယ်ရေးအရာရှိတဦးက ပြောပါတယ်။ 

ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ဟာ ဂါဇာ စစ်ပွဲမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပြီး ၂၀၀၆ ခုနှစ် စစ်ပွဲကြီးတွေ ဆင်နွှဲခဲ့ကြပြီးနောက်ပိုင်း အပြင်းထန်ဆုံး ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013