Home
အားကစား
အင်္ဂလန်နှင့်အတူ ၂၀၂၆ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရချင်ဟု အဲဗာတန်ကွင်းလယ်လူ အယ်လီ ပြော
DVB
·
April 17, 2024
Dele Alli_17042024

အင်္ဂလန်အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ကစားခွင့်ရချင်ကြောင်း အဲဗာတန် ကွင်းလယ်လူ အယ်လီက ပြောသွားပါတယ်။

အသက် ၂၈ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ ချဲလ်ဆီးက အဲဗာတန်ကို ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ကို စကိုင်းစပေါ့ရုပ်သံရဲ့ သုံးသပ်တင်ဆက်သူအဖြစ် ပါဝင်ခဲ့တာပါ။

လက်ရှိအချိန်မှာ ဒဏ်ရာပြဿနာတွေ ရှိနေတာကြောင့် ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနေရပေမဲ့ တချိန်မှာ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်စွမ်းရှိသေးတယ်လို့ ယုံကြည်ကြောင်း အယ်လီက ပြောပါတယ်။

နေ့စဉ် ၁၁ နာရီအချိန်တိုင်းမှာ World Cup 2026 ဆိုတဲ့ သတိပေးမှုတခုကို ဖုန်းထဲမှာ ထားရှိထားပြီး ကမ္ဘာ့ဖလားကစားခွင့်ရဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ အယ်လီက ပြောပါတယ်။

အယ်လီဟာ အင်္ဂလန်အသင်းနဲ့အတူ ယူရို ၂၀၁၆ နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပုံမှန်ပွဲ ထွက်ခွင့်ရခဲ့ပြီး စုစုပေါင်း ၃၇ ပွဲကစားပေးခဲ့ပါတယ်။

သူဟာ အခုနှစ်ရာသီအကုန်မှာ အဲဗာတန်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ဆက်ကစားချင်တယ်လို့ ပြောသွားပါတယ်။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024