Home
အားကစား
ဆုဖလား ၃ လုံးထပ်မံရယူပြီး သမိုင်းအမွေအနှစ် ချန်ထားခဲ့ချင်ဟု ဆေးလ်ဗား ပြော
DVB
·
April 17, 2024
Champions League - Manchester City Press Conference

မန်စီးတီးအသင်းအနေနဲ့ ဆုဖလား ၃ လုံး ထပ်မံရယူပြီး အကောင်းဆုံးအသင်းဆိုတဲ့ သမိုင်းအမွေအနှစ်တခု ချန်ထားခဲ့ချင်ကြောင်း ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက ပြောပါတယ်။

မန်စီးတီးအသင်းဟာ မနှစ်ကရာသီမှာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား ပြိုင်ပွဲတွေမှာ ချန်ပီယံဆုရယူနိုင်ခဲ့သလို အခုနှစ်ရာသီမှာလည်း အဲဒီဆုဖလားတွေကို ကာကွယ်နိုင်ဖို့ မျှော်လင့်နေတာပါ။

မန်စီးတီးအသင်းသားတွေအနေနဲ့ အကောင်းဆုံးအသင်းတသင်းဆိုတဲ့ သမိုင်းအမွေအနှစ်တခု ချန်ရစ်ထားခဲ့ချင်တဲ့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်နှိုင်မှုတွေရှိကြောင်း ဆေးလ်ဗားက ပြောပါတယ်။

ဆုဖလား ၃ လုံးထပ်မံရယူနိုင်ဖို့က လွယ်ကူတဲ့အရာ မဟုတ်သလို ပြိုင်ဘက်အသင်းတွေကလည်း အမှန်တကယ် ကောင်းမွန်တဲ့အသင်း ဖြစ်တာကြောင့် အသင်းအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတခုလည်း ဖြစ်တယ်လို့ ဘာနာဒိုဆေးလ်ဗားက ပြောပါတယ်။

မန်စီးတီးအသင်းဟာ  ပရီးမီးယားလိဂ်ချန်ပီယံဆုကို နောက်ဆုံး ၇ နှစ်အတွင်း ၆ ကြိမ်မြောက်ရရှိတဲ့အသင်းဖြစ်လာဖို့ မျှော်လင့်နေသလို ချန်ပီယံလိဂ် နှစ်ကြိမ် ဆက်တိုက်ရယူနိုင်တဲ့ အသင်းအဖြစ်လည်း မှတ်တမ်းဝင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

Photo-Reuters/Jason Cairnduff

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013