လီဗာကူဆင်အသင်းဟာ ဂျာမန်လိဂ်ပွဲစဉ် လက်ကျန် ၅ ပွဲအလိုမှာပဲ အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဧပြီ ၁၄ ရက်ကစားခဲ့တဲ့ ပွဲစဉ် ၂၉ မှာ လီဗာကူဆင်က ဝါဒါဘရီမင်ကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး လက်ကျန် ၅ ပွဲအလိုမှာ ဒုတိယနေရာက ဘိုင်ယန်မြူးနစ်ကို ၁၆ မှတ်အထိ ဖြတ်နိုင်ခဲ့တာကြောင့် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။
နည်းပြ ဇာဗီအလွန်ဆိုအတွက်လည်း နည်းပြဘဝမှာ ပထမဆုံးအကြိမ် ချန်ပီယံဆုဖလားရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ချန်ပီယံလီဗာကူဆင်အသင်းဟာ ဘွန်ဒက်စ်လီဂါ ၂၉ ပွဲစလုံးရှုံးပွဲမရှိသေးသလို ပြိုင်ပွဲစုံမှာလည်း ရှုံးပွဲမရှိသေးတဲ့အသင်းအဖြစ် မှတ်တမ်းတင်ထားပါတယ်။
ပွဲသိမ်းခရာမှုချိန်မှာ လီဗာကူဆင်ပရိသတ်တွေဟာလည်း ကွင်းထဲဝင်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။
Photo-Reuters