Home
အားကစား
ဖာနန်ဒက်စ်ကို ဗဟိုပြုပြီး မန်ယူအသင်းကို တည်ဆောက်ရန် ဂျေမီရက်နပ် တိုက်တွန်း
DVB
·
April 14, 2024
bruno-fernandes_14042024

မန်ယူအသင်းအနေနဲ့ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ကို ဗဟိုပြုပြီး အသင်းကိုပြန်လည် တည်ဆောက်သင့်ကြောင်း အင်္ဂလန်ကစားသမားဟောင်း ဂျေမီရက်နပ်က ပြောပါတယ်။

မန်ယူကွင်းလယ်လူဟာ ဘုန်းမောက်အသင်းနဲ့ နှစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုးရယူပေးခဲ့   တာပါ။

မန်ယူအသင်းဟာ နောက်ဆုံး ၇ ပွဲမှာ တပွဲသာ အနိုင်ရခဲ့ပေမဲ့ ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်ကို တော့ ဂျေမီရက်နပ်က ချီးကျူးသွားခဲ့တာပါ။ 

ဖာနန်ဒက်စ်ဟာ ပွဲကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမားဖြစ်ပြီး မန်ယူနည်းပြ တန်ဟတ်ဂ်အနေနဲ့ အသင်းကို ဆက်လက်တာဝန်ယူခွင့်ရရှိမယ်ဆိုရင် ဖာနန်ဒက်စ်ကို ဗဟိုပြုပြီးအသင်းကို တည်ဆောက်သွားသင့်ကြောင်း ရက်နပ်က ပြောပါတယ်။ 

မန်ယူအသင်းကို ပြန်လည်တည်ဆောက်နိုင်ဖို့ဆိုရင် ဖာနန်ဒက်စ်အပြင် တခြားကစားသမားတဦးမှ မမြင်မိသေးကြောင်းလည်း အင်္ဂလန်ကစားသမားဟောင်း ဂျေမီရက်နပ်က ပြောသွားပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013