မန်ယူအသင်းနည်းပြ အဲရစ်တန်ဟတ်ဂ်ဟာ ဘုန်းမောက်နဲ့ နှစ်ဂိုးစီသရေကျတဲ့ပွဲအပြီးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်ရဲ့မေးခွန်းကို မဖြေကြားဘဲ ရုတ်တရက်ထွက်ခွါ သွားပါတယ်။
ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ မန်ယူအသင်းအနေနဲ့ အဆင့် ၇ နေရာနဲ့သာရာသိမ်းခဲ့ရင် နည်းပြကြီးဖာဂူဆန်နောက်ပိုင်း အဆိုးရွားဆုံးရာသီအဖြစ် မှတ်တမ်းဝင်သွားမယ့်အကြောင်း သတင်းထောက်တဦးက မေးမြန်းခဲ့တာပါ။
အဲဒီအပေါ် နည်းပြတန်ဟတ်ဂ်က ထိုင်ရာကနေထထွက်သွားခဲ့ပြီး လက်ရှိအချိန်မှာ အဲဒီလိုကိစ္စတွေက အရေးမပါကြောင်း ပြန်လည်တုံ့ပြန်သွားခဲ့တာပါ။
မန်ယူအသင်းဟာ လက်ကျန်ပွဲစဉ် ၆ ပွဲအလိုမှာ အဆင့် ၇ နေရာမှာရပ်တည်နေပြီး ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခွင့်အလမ်းနည်းသွားပြီလည်း ဖြစ်ပါတယ်။
Photo-REUTERS/Carl Recine