Home
အားကစား
အာဆင်နယ်နှင့် ချန်ပီယံလိဂ်ပွဲတွင် ဘိုင်ယန်မြူးနစ်တောင်ပံတိုက်စစ်မှူး ၂ ဦး လွဲချော်မည်
DVB
·
April 14, 2024
KingSleBayern_14022024

အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် တောင်ပံ တိုက်စစ်မှူး ၂ ဦး လွဲချော်မယ်လို့သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ အာဆင်နယ်နဲ့ ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာ ၂ ဂိုး စီသရေကျခဲ့ပြီး ဧပြီ ၁၈ ရက်မှာ ဒုတိယအကျော့အဖြစ် အိမ်ကွင်းမှာ ပြန်လည်ရင်ဆိုင်ရမှာပါ။

အဲဒီပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိထားတဲ့ တောင်ပံကစားသမား နာဘရီ ပါဝင်နိုင်မှာ မဟုတ်သလို နောက်ထပ် တောင်ပံကစားသမားတဦးဖြစ်သူ ကိုင်စလေကိုမန်လည်း လွဲချော်မှာပါ။

ကိုမန်ဟာ ဧပြီ ၁၃ ရက်က ကစားခဲ့တဲ့ ကိုလုံးနဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ပေါင်ခြံ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အနားယူသွားဖို့ လိုအပ်ကြောင်း ဘိုင်ယန်ဘက်က အတည်ပြုခဲ့ပါတယ်။

အာဆင်နယ်နဲ့ပွဲစဉ်မှာ အဲဒီကစာသမား ၂ ဦးအပြင် ဘယ်နောက်ခံလူ အယ်ဖွန်ဆိုဒေးဗီးစ်ဟာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013