Home
မြန်မာသတင်း
ကျိုက်မရောရှိ ပြည်သူ့စစ်စခန်းကို မွန်တော်လှန်ရေးတပ်များသိမ်းပိုက်ပြီး ခေါင်းဆောင်ကို ဖမ်း
DVB
·
April 13, 2024
rebal 1342024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ဝမ်းကျေးရွာက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတခုကို မွန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဘီလူးကျွန်းအခြေစိုက် BELU ယက္ခဒီပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ဧပြီ ၉ရက်နေ့ မွန်းလွဲ ၁ နာရီမှာ မွန်တော်လှန်ရေးပူးပေါင်းတပ်တွေက ကော့ဝမ်းရွာက ပြည်သူ့စစ်စခန်းကို အလစ်အငိုက်ဝင်ရောက်ခဲ့ပြီး ပြည်သူ့စစ်တွေက ပြန်မခုခံနိုင်ဘဲ လက်နက်ချအညံ့ခံခဲ့လို့ ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် ပြည်သူ့စစ် ၄ ယောက်ကို အရှင်ဖမ်းမိခဲ့ပြီး သေနတ် ၁၀ လက်နဲ့ ကျည် ၅၄၃ တောင့်လည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

BELU ယက္ခဒီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတယောက်က “ကျနော်တို့ ရုတ်တရက် ဝင်စီးလိုက်တော့ သူတို့ဘက်ကပြန်လည်တိုက်ခိုက်ဖို့မဖြစ်နိုင်တော့ တိုက်ပွဲတော့မဖြစ်သွားပါဘူး။ လက်နက်တွေနဲ့အတူ ၄ ဦးကို အရှင်ဖမ်းမိတယ်။ တိုက်ပွဲမဖြစ်သွားတဲ့အတွက် အထိအခိုက် မရှိသွားပါဘူး” လို့ ပြောပါတယ်။

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ပြန်ကြားရေးတာဝန်ခံ နိုင်ကောင်းစကား ကလည်း ဖမ်းဆီးရမိခဲ့တဲ့ ပြည်သူ့စစ် ၄ ဦးထဲက ကော့ဝမ်းပြည်သူ့စစ်ခေါင်းဆောင်ကို ဆက်လက်ထိန်းသိမ်းထားပြီး ကျန်တဲ့ ၃ ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။

“သူတို့စစ်အာဏာရှင်ရဲ့ထောက်တိုင်ဖြစ်တဲ့ ပြည်သူ့စစ်ဖြစ်လို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် ဝေ့လယ်ကြောင်ပတ်‌လုပ်နေလို့ အချိန်မီ ဝင်စီးခဲ့တာပါ။ ပြည်သူ့စစ်ခေါင်းဆောင်ကလွဲပြီး ကျန်တဲ့ ၃ ဦးကိုတော့ ကျနော်တို့လွှတ်ပေးလိုက်ပါပြီ” လို့ပြောပါတယ်။

ကော့ဝမ်းပြည်သူ့စစ်စခန်းကို NMSP-AD၊ BELU ယက္ခဒီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ SG Production  အဖွဲ့တို့က ပူးပေါင်း ဝင်ရောက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ မတ် ၂ ရက်နေ့ကလည်း မုဒုံမြို့နယ်၊ ကမာဝက်မြို့နဲ့ ကော့ပီးထူးကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင် ၃ ယောက်ကို လက်နက် ၁၅ လက်၊ ကျည်ဆံအမြောက်အမြားနဲ့အတူ NMSP-AD က ဖမ်းဆီးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013