Home
မြန်မာသတင်း
ဖားကန့်တွင် ပြည်သူ့စစ်က ပစ်ခတ်သဖြင့် အမျိုးသား ၁ ဦးသေဆုံး
DVB
·
April 13, 2024
dead 1342024

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်း - လဝါး လမ်းဆုံဂိတ်မှာ စစ်ဆေးရေးပြုလုပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က အမျိုးသားတယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၁၁ ရက် ညပိုင်းမှာ လဝါးကျေးရွာက ဥယျာဉ်ခြံကိုသွားတဲ့ အမျိုးသားတယောက်ကို စစ်ဆေးရေးဂိတ်မှာရှိတဲ့ ပြည်သူ့စစ်တပ်ဖွဲ့က သေနတ်နဲ့ ၄ ချက် ပစ်သတ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “အမြဲတမ်းလည်း ဥယျာဉ်ခြံထဲသွားဖို့ အဲနားက  ဖြတ်သွားနေကျပဲ။ အပစ်ခံရတာက  ည ၇ နာရီလောက်က အပစ်ခံရတာ။ ၄ ချက် အပစ်ခံရတယ်။ မနက်မှပဲ  အလောင်းသွားကောက်ပြီး သင်္ဂြိုလ်လိုက်ရတယ်။ ဘာကြောင့် ပစ်လဲတော့ မသိဘူး” လို့ ပြောပါတယ်။

ပစ်ခတ်ခံရလို့ သေဆုံးသူဟာ အသက်  ၄၀ ကျော်အရွယ် ဦးဂျန်မော်တူးအောင်ဖြစ်ပြီး လည်ပင်း၊ ကျောနဲ့ ခြေထောက်မှာ ကျည်ဆန်ထိမှန် ဒဏ်ရာ ၄ ချက် ရခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ် ၃၀ ရက်နေ့ကလည်း ကာမိုင်းစစ်ဆေးရေးဂိတ်မှာ စစ်ဆေးခံပြီးမောင်းနှင်လာတဲ့ မော်တော်ယာဉ်ကို စစ်ကောင်စီတပ်က သေနတ်နဲ့လှမ်းပစ်တဲ့အတွက် ကိုမိုက်မိုက်ဆိုသူ ယာဉ်မောင်း သေဆုံးခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013