တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ချစ်ကြည်ရေးနှစ်ကို စတင်လိုက်ပြီဖြစ်ပြီး ဆက်ဆံရေး ပိုမိုမြင့်မားလာစေဖို့ အနီးကပ် လုပ်ဆောင်ဖို့ ဆန္ဒရှိကြောင်း တရုတ်နိုင်ငံရဲ့ ထိပ်တန်းဥပဒေပြု လွှတ်တော်အမတ် ကျောက်လဲကျီ ရဲ့ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင်ရုပ်သံ CCTV မှ ဧပြီ ၁၂ ရက်မှာ ဖော်ပြပါတယ်။
“တရုတ်- မြောက်ကိုရီးယား ဆက်ဆံရေးကို ထိန်းသိမ်းဖို့၊ ခိုင်မာကျစ်လစ်စေဖို့နဲ့ ဖွံ့ဖြိုးတိုးတက် နေစေဖို့က ကျနော်တို့ရဲ့ မဟာဗျူဟာကျကျ မယိမ်းယိုင်တဲ့ မူဝါဒဖြစ်တယ်”လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အခုသီတင်းပတ်မှာ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ချိုရုံန်ဟယ်နဲ့ တွေ့ဆုံချိန်မှာ ပြောကြားချက်ကို ကိုးကားပြီး ကျောက်လဲကျီက ပြောကြားခဲ့ပါတယ်။
၂ နိုင်ငံတို့ဟာ အခုနှစ်မှာ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့် အထိမ်းအမှတ် ဖြစ်ပါတယ်။ တရုတ်နဲ့ မြောက်ကိုရီးယားတို့ဟာ “ရင်းနှီးချစ်ကြည်တဲ့ ဆိုရှယ်လစ်အိမ်နီးချင်းတွေ ဖြစ်ကြကြောင်း ကျောက်လဲကျီ က ပြောကြားခဲ့ပြီး ပြုံးယမ်းကို ၃ သုံးရက်ကြာ ခရီးစဉ်အတွင်း ပြဇာတ်ဖျော်ဖြေပွဲနဲ့ လွမ်းသူ့ပန်းခွေချခြင်း အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
Source/Photo - Reuters