အနာဂတ် လစူးစမ်းရေးမစ်ရှင်တွေမှာ ဆက်သွယ်ရေးပေါင်းကူးတံတားအဖြစ် အသုံးတော်ခံမဲ့ အဓိကကျတဲ့ အချက်ပြထပ်ဆင့်လွှင့်ဂြိုဟ်တုကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့တယ်လို့ တရုတ် အမျိုးသားအာကာသကွပ်ကဲရေး (CNSA)က ဧပြီ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
တရုတ်ဒဏ္ဍာရီလာ ပေါင်းဖက်ခွင့်မရတဲ့ နွားကျောင်းသားနဲ့ ယက္ကန်းမယ် ဇာတ်လမ်းထဲက ချစ်သူ ၂ ဦးကို ငှက်ကျားလေးတွေက တံတားသဖွယ်ထိုးပေးခဲ့ကြပါတယ်။
အဲဒီ ငှက်ကျားတံတား တရုတ်လို ချွဲချောင်ကို အစွဲပြုပြီး ဆက်သွယ်ရေးတံတားထိုးပေးမဲ့ ဂြိုဟ်တုဖြစ်တာကြောင့် Queqiao-2 (ချွဲချောင်-၂) လို့ အမည်ပေးထားတာဖြစ်ပါတယ်။
ခွန်ဆန်လောနဲ့ နန်းဦးပြင် ပုံပြင်နဲ့ တူညီမှုရှိပြီး ခွန်ဆန်လော၊ နန်းဦးပြင်ကြယ်၊ မောင်ယာဉ် ဆိုင်းထမ်းကြယ်တို့ရဲ့ ဇာတ်လမ်း နဲ့ ရည်ညွှန်းတဲ့ ကြယ်ချင်း တူပါတယ်။
ချွဲချောင်- ၂ ဟာ ကမ္ဘာမြေပြင်က စခန်းနဲ့ လရဲ့ ကမ္ဘာနဲ့ဝေးတဲ့ ဘက်ခြမ်းက သုတေသန လုပ်ငန်း တွေကို ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။
လရဲ့ နီးတဲ့ဘက်ခြမ်းဟာ ကမ္ဘာမြေကိုအမြဲမျက်နှာမူနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဝေးတဲ့ ဘက်ခြမ်းက အချက်အလက်တွေပေးပို့ဖိုရာ တိုက်ရိုက် မြင်တွေ့ရတဲ့ လမ်းကြောင်း မရှိတဲ့အတွက် မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့် ကြားမှာ ဂြိုဟ်တုခံပြီး ဆက်သွယ်ရတာဖြစ်ပါတယ်။
Source/Photo - Reuters