ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်မှာ တရုတ်က လူမဲ့လေယာဉ်နဲ့ ဒုံးကျည်နည်းပညာ၊ ဂြိုဟ်တု ပုံဖော် စနစ်နဲ့ စက်လက်နက်ကိရိယာတွေ ပံ့ပိုးနေတယ်လို့ အမေရိကန်ထိပ်တန်းတာဝန်ရှိသူတွေက စွပ်စွဲလိုက်ပါတယ်။
ဆိုဗီယက်ခေတ်နောက်ပိုင်း ရုရှားရဲ့ အကြီးဆုံးစစ်ပြင်ဆင်မှုမှာ တရုတ်က ပတ်သက်နေတယ်ဆိုတဲ့ ပတ်သက်ပြီး အမေရိကန်မှာရှိတဲ့ တရုတ်သံရုံးကတော့ ပယ်ချလိုက်ပါတယ်။
တရုတ်ဟာ ဘယ်ဘက်ကိုမှ လက်နက်မပေးသလို ယူကရိန်းပဋိပက္ခမှာ ထုတ်လုပ်သူလည်း မဟုတ်၊ ပါဝင်ပတ်သက်သူလည်းမဟုတ်ဘူးလို့ ဖြေရှင်းခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ တရုတ်သမ္မတ ရှီကျင်ဖျင်နဲ့ မကြာသေးမီက ဖုန်းဆက်သွယ် ပြောဆိုရာမှာ ဒီကိစ္စကို ထည့်ပြောခဲ့သလို ဥရောပနဲ့ ကမ္ဘာတစ်လွှားက မဟာမိတ်တွေ အကြားမှာလည်းအဓိက ဆွေးနွေးစရာကိစ္စဖြစ်လာတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် တာဝန်ရှိသူတွေက ရိုက်တာကို ပြောပါတယ်။
တရုတ်ပစ္စည်းတွေက ရုရှားစစ်လက်နက်ထုတ်လုပ်ရေးမှာ အရေးပါတဲ့ ဟာကွက်တွေကို ဖြည့်ပေးနေပြီး ဒီပဋိပက္ခမှာ အမေရိကန်ဘက်က မှန်းထားတာထက် စောအောင် ရုရှားဘက်က လက်နက်ဖြည့်တင်းနိုင်ဖို့ တရုတ်အကူအညီက အရေးပါနေတယ်လို့ဆိုပါတယ်။
ယူကရိန်းကိုကူညီဖို့ ကစားပွဲကိုအပြောင်းအလဲဖြစ်သွားစေနိုင်တဲ့ ရွှေ့ကွက်တစ်ခုကတော့ ရုရှား စစ်လက်နက်ထုတ်လုပ်ရေးမှာ တရုတ်က မကူညီအောင် နားချတာပဲလို့ အဆိုပါတာဝန်ရှိသူက ဆိုပါတယ်။ တရုတ်သံရုံးပြောခွင့်ရပုဂ္ဂိုလ်ကတော့ တရုတ်နဲ့ ရုရှားအကြား ပုံမှန်ကုန်သွယ်ရေးကို ဝင်စွက်လို့၊ ကန့်သတ်လို့မရဘူးလို့ တုံ့ပြန်ပါတယ်။
Source/Photo - Reuters