အီကွေဒေါနိုင်ငံ၊ မြို့တော် ကီတိုမှာရှိတဲ့ မက္ကဆီကိုသံရုံးကို အီကွေဒေါရဲတွေ ဝင်စီးတဲ့ကိစ္စ တရားဝင်တောင်းပန်လွှာ မထုတ်ပေးမချင်း အီကွေဒေါနိုင်ငံကို ကုလသမဂ္ဂက ထုတ်ပယ်ထားဖို့ မက္ကဆီကိုနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဧပြီ ၁၁ ရက်က လျှောက်ထားခဲ့ပါတယ်။
အီကွေဒေါနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေနဲ့ ကုလသမဂ္ဂရဲ့ သံတမန်ဆက်ဆံရေး ဆိုင်ရာ သဘောတူစာချုပ်တွေကို ချိုးဖောက်တယ်လို့ မက္ကဆီကိုနိုင်ငံက စွပ်စွဲထားပါတယ်။
မက္ကဆီကိုသံရုံးမှာ ခိုလှုံနေတဲ့ အီကွေဒေါ ဒုတိယသမ္မတဟောင်း ဟော်ဟဲဂလတ်စ်ကို အီကွေဒေါလက်နက်ကိုင် ရဲတွေက ဝင်ရောက်ဖမ်းဆီးခဲ့အပြီးမှာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ရပ်စဲသွားခဲ့ပါတယ်။
အခုဖြစ်စဉ်မှာ ဒေသတွင်းနိုင်ငံတွေအားလုံးက မက္ကဆီကိုဘက်က ရပ်တည်ခဲ့ပြီး အီကွေဒေါရဲ့ လုပ်ရပ်ကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
အီကွေဒေါကတော့ ဂလတ်စ်အပေါ် အဂတိလိုက်စားမှု စွဲချက်တွေ ရှိနေတဲ့အချိန်မှာ ခိုလှုံခွင့်ပေးတာဟာ တရားမဝင်ဘူးလို့ တုံံ့ပြန်ထားပါတယ်။
Source/Photo-Reuters