Home
နိုင်ငံတကာ
ဂျပန်ဘေ့စ်ဘောစတား၏ စကားပြန် ဒေါ်လာ ၁၆ သန်း ခိုးယူမှုဖြင့် စွဲချက်တင်ခံရ
DVB
·
April 12, 2024
japan 1242024

ဂျပန်ဘေ့စ်ဘောစတား ရှိုဟဲအိ အိုတာနိရဲ့ စကားပြန်ဟောင်းဟာ လောင်းကစားကြွေးတွေ ပေးဖို့  ငွေကြေး ဒေါ်လာ ၁၆ သန်း ခိုးယူမှုအတွက် ဘဏ်လိမ်လည်မှုနဲ့ ဧပြီ ၁၁ ရက်မှာ စွဲချက်တင်ခံခဲ့ရပါတယ်။

အစ်ပဲအိမိဇုဟရဟာ အိုတာနိအတွက် သူကူညီပြီး ဖွင့်ပေးထားတဲ့ ငွေစာရင်းကနေ အိုတာနိ မသိဘဲ ပိုက်ဆံတွေ အလွဲသုံးစားလုပ်ပြီး အားကစားပွဲတွေမှာ တရားမဝင် လောင်းကစားလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

လော့စ်အန်ဂျလိစ် ဖက်ဒရယ်တရားရုံးမှာ တင်သွင်းတဲ့ စာမျက်နှာ ၃၆ မျက်နှာပါ ပြစ်မှုဆိုင်ရာ စွဲချက်နဲ့ ကျမ်းကျိန်လွှာအရ ဒီလောင်းကစားကိစ္စတွေမှာ ဘေ့စ်ဘောကစားသမား အိုတာနိ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။

အိုတာနိဟာ စံချိန်တင် ဒေါ်လာ သန်း ၇၀၀ တန်ဖိုးရှိ ၁၀ နှစ်စာချုပ်နဲ့ လော့စ်အိန်ဂျလိစ်ဒေါ့ဂျာစ် အသင်းကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ဟာ အမေရိကန်မှာ လူကြိုက်များတဲ့ မေဂျာလိဂ် ဘေ့စ်ဘောလောကကို လှုပ်ခတ်သွားစေခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၃၅ နှစ်က စင်စင်နက်တီရက်ဒ်စ် အသင်းရဲ့ ကစားသမားလည်းဖြစ်၊ နည်းပြလည်းဖြစ်ခဲ့သူ ပိ(တ်) ရို့စ်ဟာ သူကစားတဲ့ပွဲတွေမှာ လောင်းကစားလုပ်ခဲ့လို့ ဘေ့စ်ဘောလောကကနေ အပိတ်ခံခဲ့ရဖူးပါတယ်။

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ အိုတာနိကတော့ သူဟာ စကားပြန်ရဲ့ ခိုးယူအလွဲသုံးခံခဲ့ရသူသာဖြစ်ပြီး ဘယ်တုန်းကမှ ဘေ့စ်ဘောပွဲ မလောင်းခဲ့ဘူးကြောင်း ဖြေရှင်းထားပါတယ်။

အသက် ၃၉ နှစ်အရွယ် စကားပြန် မီဇူဟာရကလည်း ကိုယ်တိုင်အဖမ်းခံခဲ့ပြီး သူကျူးလွန်ခဲ့တာသာ ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013