ရုရှားနိုင်ငံဟာ Angara-A5 အာကာသဒုံးယာဉ်ကို အရှေ့ဖျားဒေသမှာရှိတဲ့ ဗော့စတော့ချနီ အာကာသလွှတ်တင်စခန်းကနေ ဧပြီ ၁၁ ရက်မှာ ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်လွှတ်တင်နိုင်ခဲ့ပါတယ်။
ဆိုဗီယက်ခေတ်လွန်မှာ အာကာသဒုံးယာဉ်အမျိုးအစားသစ် စမ်းသပ်မှုမှာ ကမ္ဘာပတ်လမ်း အနိမ့်ပိုင်းတွင်း စမ်းသပ်ဝန်ထုပ်ကိုပါ အောင်မြင်စွာ ပို့လွှတ်ပေးနိုင်ခဲ့ပါတယ်။
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲအပြီးမှာ ဒုံးယာဉ်တွေ အဓိကလွှတ်တင်ရာနေရာဖြစ်တဲ့ ဘိုင်ကနာ အာကာသလွှတ်တင်စခန်းဟာ ကာဇက်စတန်နိုင်ငံထဲမှာ ကျန်ခဲ့တဲ့အတွက် ရုရှားက နှစ်ရှည် ပြန်ငှားသုံးနေရတာ ဖြစ်ပါတယ်။
ဒါကြောင့် ရုရှားအရှေ့ဖျား အမော်ဒေသ တောနက်ထဲမှာရှိတဲ့ ဗော့စတော့ချနီစခန်းက လွှတ်တင်နိုင်ရေးဟာ ပိုအရေးပါလာခဲ့တာ ဖြစ်ပါတယ်။
Angara ဒုံးယာဉ် လွှတ်တင်ရေးဟာ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့မှာ နှစ်ကြိမ်တိုင် မအောင်မမြင် ဖြစ်ခဲ့ပြီး ကြာသပတေးနေ့မှ လွှတ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
၅၄ ဒသမ ၅ မီတာရှည်တဲ့ အဆင့်သုံးဆင့်ပါ ဒုံးယာဉ်ဟာ တန် ၇၀၀ ကျော်လေးပြီး အာကာသထဲကို ၂၄ ဒသမ ၅ တန်အထိ သယ်ဆောင်ပေးနိုင်တာ ဖြစ်ပါတယ်။
၂၀၁၄ နဲ့ ၂၀၂၀ မှာ တကြိမ်စီ စမ်းသပ်လွှတ်တင်ခဲ့ဖူးပြီး ဗော့စတော့ချနီကနေ စမ်းသပ်လွှတ်တင်တာတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
Source/Photo-Reuters