Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအမျိုးသား ၁ ဦးက လိင်တူချစ်သူ နိုင်ငံခြားသား ၁ ဦးကို တူဖြင့်ထုနှက်
DVB
·
April 12, 2024
thai 1242024

ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့မှာ ဧပြီ ၁၀ ရက်က မြန်မာအမျိုးသား တဦးဟာ သဝန်တိုပြီး သူ့ရဲ့ချစ်သူ ဘယ်လ်ဂျီယံနိုင်ငံသားတဦးရဲ့ ဦးခေါင်းကို တူနဲ့ အချက်များစွာ ထုနှက်ခဲ့လို့  ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့   Hatyai focus ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဟတ်ယိုင်မြို့ ဆွန်ဆီရီလမ်းရှိ တိုက်ခန်းတခန်းမှာ ရိုက်နှက်မှုဖြစ်ပွါးပြီး လူတဦး အပြင်းအထန်ဒဏ်ရာရသွားတယ်လို့ တိုင်ကြားလာတဲ့အတွက် အရေးပေါ်လူနာတင်ကား ခေါ်ပြီး သွားရောက်စစ်ဆေးခဲ့တယ်လို့ဟတ်ယိုင်နယ်မြေရဲတပ်ဖွဲ့ ရဲမှူး ဘွန်းယားလစ် ဆိုင်ထောင်းချုင်းက သတင်းထောက်ကို ပြောပါတယ်။

အခင်းဖြစ်ပွါးတဲ့နေရာမှာ အသက် ၅၆ နှစ်ရွယ်ဘယ်လ်ဂျီယံနိုင်ငံသား  မာတင်ဂျိုးဇက်ဟာ ဦးခေါင်းက သွေးယိုစီးတဲ့ ဒဏ်ရာတွေနဲ့ လဲကျနေလို့ ဟတ်ယိုင်ဆေးရုံကို အမြန် ဆုံးပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အနီးမှာ အသက် ၃၃ နှစ်ရွယ် ကျော်ဇင်ထိုက်ဆိုသူ မြန်မာအမျိုးသားက ရိုက်နှက်မှုကျူး လွန်သူလို့ ဝန်ခံပြီး သူအသုံးပြုခဲ့တဲ့ တူတလက်နဲ့အတူ အဖမ်းခံခဲ့ပါတယ်။ 

မြန်မာအမျိုးသားတဦးနဲ့ အရိုက်ခံရတဲ့ နိုင်ငံခြားသားဟာ  လိင်တူချစ်သူတွေဖြစ်ကြပါတယ်။

အခင်းဖြစ်ပွားပုံနဲ့ပတ်က်ပြီး ကျော်ဇင်ထိုက်က “ဂျိုးဇက်က ဒီနေ့ဖူးကက်ကို သွားလည်မယ်လို့ ပြောတယ်၊ ကျနော်ကအလုပ်မပြီးသေးလို့ သင်္ကြန်ပြီးမှ အတူသွားမယ်လို့ ပြောတယ်။ ဂျိုးဇက်ကတော့ မရဘူး ဒီနေ့သွားမှာလို့ပြောတယ်။ ကျနော်က ဂျိုးဇက်ဟာ နောက်ချစ်သူအသစ်တယောက်နဲ့ သွားမှာမို့ စကားနားမထောင်ဘူးဆိုပြီး နှစ်ယောက်သား အခြေအတင်စကားများရန်ဖြစ်ကြတယ်၊ ဂျိုးဇက်ရဲ့ခေါင်းကို အခန်းထဲကတူနဲ့  အချက်များစွာ ထုခဲ့တယ်”လို့ ဝန်ခံသွားပါတယ်။

တာဝန်ရှိသူတွေက ကျော်ဇင်ထိုက်ကို ဆီးစစ်ရာမှာ မူးယစ်ဆေးဝါး သုံးစွဲထားတာ စစ်ဆေးတွေ့ရ တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရဲစခန်းက ကျော်ဇင်ထိုက်ကို လူသတ်ဖို့တမင်ကြံစည်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ကနဦးအမှုဖွင့် အရေးယူထားပြီး တကယ်လို့ ဆေးရုံရောက်နေတဲ့ ဂျိုးဇက်က သေဆုံးသွားရင် နောက်ထပ်တမှုနဲ့ တရားစွဲဦးမယ်လို့  ထိုင်းရဲက ပြောသွားပါတယ်။ 

Source/Photo-HatyaiFocus

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013