ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းဝောာ်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တရုတ် - မြန်မာ နယ်စပ်၊ လွယ်ဂျယ်မြို့မှာ ဧပြီ ၁၁ ရက် မနက် ၈ နာရီခွဲလောက်က နယ်စပ်ဂိတ် အဝင်အထွက်ဂိတ်နဲ့ ဆေးရုံပါ ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံအမျိုးသားတဦးက “လွယ်ဂျယ်ကနေ ဒီနေ့ ခါလီကား ထုတ်လို့ရပြီနော်။ ဗန်မော်တော့ ဆင်းလို့ မရသေးဘူး။ ဂိတ်ကြီး ဖွင့်ပြီ။ ဒါပေမဲ့ တရုတ်က ခါလီတွေပဲထုတ်ပေးသေးတာ။ ပြန်ပိတ်မယ်ထင်တယ်။ တရုတ်ကား ခါလီရော၊ မြန်မာကားခါလီရော အကုန်ထုတ်ပေးတယ်” လို့ ပြောပါတယ်။
တရုတ်ဘက်က ခါလီယူဖို့ သက်သက်ဆိုရင်တော့ စားစရိတ် ဈေးကြီးတာကြောင့် လွယ်ဂျယ် တက်မလာသေးသင့်ဘူးလို့ ဒေသခံက ပြောပါတယ်။
“ကုန်တွေက မရသေးဘူး ထင်တာပဲ။ ကုန်ပါရင်က မြန်မာအစိုးရနဲ့ ဆိုင်တယ်လေ။ အာ့ကြောင့် တရုတ်က ကုန်နဲ့က အခုတော့မထုတ်ပေးသေးလောက်ဘူး။ နောက်ကျရင်တော့ မပြောတတ်ဘူး။”
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက လွယ်ဂျယ်ဂိတ် မဖွင့်ခင်မှာတော့ မိုင်ဂျာယန် နယ်စပ်ဂိတ်ကနေလည်း ကားတွေ ထွက်ခွင့်ပြုခဲ့တာတွေ့ရပြီး ဧပြီ ၁၁ ရက်က လွယ်ဂျယ် နယ်စပ်ဂိတ် ပြန်ဖွင့်ပေးလိုက်တာလို့ မိုင်ဂျာယန် ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၉ ရက်ကစ လွယ်ဂျယ်မြို့ကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးဖွဲ့တွေက အလုံးစုံ ထိန်းချုပ်လိုက်တာပါ။