Home
နိုင်ငံတကာ
ယူကရိန်း စွမ်းအင် ထိခိုက်ပျက်စီးစေရန် ရုရှား တိုက်ခိုက်မည်
DVB
·
April 12, 2024

ရုရှားပစ်မှတ်တွေအပေါ် ကိယက်ဗ်ရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်း စွမ်းအင်ဆိုက်တွေကို အကြီးအကျယ် ထိခိုက်ပျက်စီးစေတဲ့ တိုက်ခိုက်မှုတွေကို လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဧပြီ ၁၁ ရက်မှာ ပြောပါတယ်။

ကိယက်ဗ်မြို့အနီးရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးတရုံကို ညတွင်းချင်း တိုက်ခိုက်မှု ဖြစ်ပွားပြီး ယူကရိန်းရဲ့ ဒေသအများအပြားရှိ ဓာတ်အားပေးစက်ရုံတွေကို ထိမှန်ခဲ့ပြီးနောက်မှာ ကရင်မလင်ခေါင်းဆောင်က သူ့ရဲ့မဟာမိတ် ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုနဲ့ စကားပြောဆိုနေတာဖြစ်ကြောင်း ရုရှားသတင်းအေဂျင်စီတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေဟာ ယူကရိန်းကို စစ်တပ်ဖြုတ်သိမ်းဖယ်ရှားကင်းမဲ့စေရေး လုပ်ငန်းစဉ်ထဲက တစိတ်တပိုင်းဖြစ်ကြောင်း သမ္မတ ပူတင်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရုရှားဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေကို ထည့်သွင်းစဉ်းစားမှုတွေကြောင့် ဆေးရုံတွေလို လူ့အဖွဲ့အစည်း အဆောက်အုံတွေကို လျှပ်စစ်မီးမရှိဘဲ ဖြစ်နေမှာစိုးလို့ ဆောင်းရာသီမှာ တိုက်ခိုက်မှုတွေကို ရှောင်ကြဉ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း ရုရှားရဲ့ ဒေသအသီးသီးမှာ အဓိကအားဖြင့် ရေနံချက်စက်ရုံတွေကို ယူကရိန်းတိုက်ခိုက်မှုတွေကြောင့် မော်စကိုကို တုံ့ပြန်စေဖို့ လှုံ့ဆော်ခဲ့တာဖြစ်ကြောင်းလည်း ပူတင်က ပြောဆိုခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013