ကနေဒါနိုင်ငံဟာ အယ်လ်နီညို ရာသီဥတု အခြေအနေကြောင့် တခြားနိုင်ငံအတော်များများက ပုံမှန်နွေဦးနဲ့ နွေရာသီ အပူချိန်တွေထက် ပိုမိုမြင့်မားမယ်လို့ ခန့်မှန်းထားပြီး နောက်ထပ် ကပ်ဘေး တောမီးရာသီအန္တရာယ် ကြုံရနိုင်ခြေရှိကြောင်း ဖက်ဒရယ်အစိုးရက ဧပြီ ၁၀ ရက်မှာ ပြောကြားပါတယ်။
အခုဆောင်းရာသီမှာ ကနေဒါနိုင်ငံဟာ ပုံမှန်အပူချိန်ထက် ပိုမိုပူနွေးပြီး နေရာအနှံ့ မိုးခေါင်တာကြောင့်လည်း နောက်လာမယ့်နွေရာသီမှာ ရာသီဥတုဒဏ်ခံရဦးမယ်လို့ ဆိုပါတယ်။
ရာသီဥတုဖောက်ပြန်မှုကြောင့် တောမီးတွေ၊ မိုးခေါင်မှုနဲ့ အပူလှိုင်းတွေ အပါအဝင် ပြင်းထန်တဲ့ ရာသီဥတု ဖြစ်ရပ်တွေကို ဖြစ်ပေါ်စေတယ်လို့ ပြည်ထောင်စုဝန်ကြီးတွေက သတိပေးထားပါတယ်။
အယ်လ်ဘာတာတောင်ပိုင်း၊ ဗြိတိသျှ ကိုလံဘီယာနဲ့ အွန်တေရီယို တောင်ပိုင်းတို့ဟာ ပြင်းထန်တဲ့ မိုးခေါင်ရေရှားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံတဝန်းလုံးမှာ ပုံမှန်အပူချိန်ထက် ဆီးနှင်းတွေ စောစီးစွာ အရည်ပျော်သွားနိုင်တဲ့ အခြေအနေတွေကို မျှော်လင့်နေရတယ်လို့ အရေးပေါ် ကြိုတင်ပြင်ဆင်ရေးဝန်ကြီး ဟာဂျစ် ဆဂျ်ဂျန်က ပြောပါတယ်။
တောမီးတွေက အနာဂတ် ကနေဒါအတွက် အရေးပါတဲ့ စိန်ခေါ်မှုကို ကိုယ်စားပြုနေပြီး ရာသီဥတု ဖောက်ပြန်မှုရဲ့ သက်ရောက်မှုတွေလည်း ဆက်ပြင်းထန်လာနေပြီးတော့ ကနေဒါနိုင်ငံသားတွေအတွက် ကုန်ကျစရိတ်တွေလည်း တနှစ်ထက်တနှစ် တိုးလာနေကြောင်းလည်း ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က ကနေဒါနိုင်ငံရဲ့ သမိုင်းမှာ အဖျက်ဆီးအခံရဆုံး တောမီးရာသီဖြစ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ မီးခိုးငွေ့တွေရဲ့ အတိုင်းအတာက ရာသီရဲ့အရှည်ကို သက်ရောက်မှု ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
အော့တာဝါအစိုးရဟာ ၅ နှစ်အတွင်း ကနေဒါဒေါ်လာ ၂၅၆ သန်း ပေးထားပြီး တောမီးငြှိမ်းသတ်ရေး စက်ကိရိယာအသစ်တွေအတွက် ရန်ပုံငွေထောက်ပံ့ပေးဖို့နဲ့ ရပ်ရွာအခြေပြု တောမီးငြှိမ်းသတ်သမား ၁,၀၀၀ ကိုလည်း လေ့ကျင့်သင်ကြားပေးဖို့ ကတိပြုထားပါတယ်။
ပြီးခဲ့တဲ့နှစ်က ကနေဒါနိုင်ငံဟာ တောမီးပေါင်း ၆,၆၀၀ ကျော် လောင်ကျွမ်းခဲ့တဲ့ အဆိုးရွားဆုံး တောမီးရာသီကို ကြုံတွေ့ခဲ့ရပါတယ်။
ဟက်တာ ၁၅ သန်းကျော် လောင်ကျွမ်းခဲ့ရပြီး နှစ်စဉ် လောင်ကျွမ်းတတ်တဲ့ ပျမ်းမျှဧရိယာရဲ့ ၇ ဆလောက် လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters