Home
နိုင်ငံတကာ
ရုရှားနှင့် ကာဇက်စတန်တွင် ရေလွှမ်းမိုးပြီး လူ ၁ သိန်းကျော် ရွှေ့ပြောင်း
DVB
·
April 11, 2024
Russia_KazakhstanFlood_11042024

ဥရောပရဲ့ တတိယအရှည်ဆုံးမြစ်က ကမ်းပါးပြိုပြီးတဲ့နောက် ရုရှားနဲ့ ကာဇက်စတန်တဝန်းက မြို့ကြီးတွေမှာ ရေလွှမ်းခဲ့ပြီး လူပေါင်း ၁၁၀,၀၀၀ လောက်ကို ရုရှားနိုင်ငံ အိုရန်ဘာ့ဂ်မြို့ရဲ့ အစိတ်အပိုင်းတွေကနေ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ကက်စပီယံပင်လယ်ထဲကို စီးဝင်တဲ့ အဓိကမြစ်ကြီးတွေဖြစ်တဲ့ ယူရယ်မြစ်လို မြစ်ကြီးတွေမှာ ပုံမှန်ထက်ပိုပြီး မြစ်ရေမျက်နှာပြင်က ၂ ပေ ၃ လက်မထိ မြင့်တက်လာပြီးတဲ့နောက် ရုရှားနိုင်ငံက ယူရယ်လ်တောင်တန်းတွေ၊ ဆိုက်ဘေးရီးယား၊ ဗော်လ်ဂါနဲ့ ကာဇက်စတန် ဒေသတွေက လူနေရပ်ကွက်တွေ အများအပြား ရေလွှမ်းသွားတာပါ။

ကာဇက်စတန်နိုင်ငံမှာ လူတွေဟာ တာတမံတွေဆောက်ဖို့နဲ့ ရှိပြီးသား တာတမံတွေ ခိုင်ခံ့စေဖို့ ညလုံးပေါက် အလုပ်လုပ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က နိုင်ငံရဲ့ ပြည်နယ် ၁၇ ခုအနက် ၁၀ နေရာမှာ အရေးပေါ်အခြေအနေ ကြေညာထားခဲ့ရပြီး အခုတော့ ၈ ခုမှာ အရေးပေါ်အခြေအနေ ဆက်ရှိနေဆဲပါ။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ကာဇက်စတန်သမ္မတ ကက်ဆင်မ် ယိုမတ် တိုကာယက်ဗ်နဲ့ အင်္ဂါနေ့က ရေကြီးမှုတွေအကြောင်း ပြောခဲ့ပါတယ်။

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ ကျူမန်နဲ့ ယူရယ်တောင်တန်းဒေသက ကာဂံမြို့တို့အတွက် အဆိုးဆုံး ကြုံနေရဆဲပဲလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က ပြောခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024