ယူကရိန်းနိုင်ငံ ဆိုက်ဘေးရီးယားတပ်ရင်းမှာ စာရင်းသွင်းပြီးနောက် ရုရှားတပ်သားသစ် ဒါဇင်များစွာဟာ ဧပြီ ၁၀ ရက်မှာ တိုက်ရိုက် ပစ်ခတ်လေ့ကျင့်ခဲ့ကြပါတယ်။
စစ်မြေပြင်အတွေ့အကြုံရင့်တဲ့ နည်းပြဆရာတွေက သူတို့ဟာ တပ်ဖွဲ့ဝင်အသစ်တွေကို လေ့ကျင့်ပေးဖို့ ရုရှားနိုင်ငံ ဘယ်ဂိုရော့ဒ်နဲ့ ကာ့စ်ခ် ဒေသတွေဆီ မတ်လတုန်းက နယ်စပ်ဖြတ်ကျော် စီးနင်းအပြီး ပြန်လာခဲ့ကြတာလို့ ပြောပါတယ်။
လုံခြုံရေးအကြောင်းပြချက်ကြောင့် သူ့ကိုယ်သူ နော့ဒ်လို့ပြောဆို မိတ်ဆက်တဲ့ စစ်သားသစ်က သူဟာ ရုရှားနိုင်ငံသားဖြစ်ပေမဲ့ ယူကရိန်းစစ်တပ်နဲ့ အရပ်သားတွေက သူ့ကို ယူကရိန်းနိုင်ငံသားတယောက်အဖြစ် ဆက်ဆံကြတယ်လို့ ပြောပါတယ်။
ရုရှားတာဝန်ရှိသူတွေက ဒီအဖွဲ့ဟာ ယူကရိန်းစစ်တပ်နဲ့ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) တို့ရဲ့ ရုပ်သေးရုပ်အဖြစ် သရုပ်ဖော်ခဲ့ပါတယ်။
ဒီအဖွဲ့တွေဟာ သူတို့ရဲ့ စီးနင်းမှုအတွင်း လွတ်လွတ်လပ်လပ် သီးခြားလုပ်ဆောင်တယ်လို့ ယူကရိန်းစစ်တပ် ထောက်လှမ်းရေးအေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက အစောပိုင်းမှာ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဒီအဖွဲ့တွေက ခေတ်မီလက်နက်တွေနဲ့ သံချပ်ကာယာဉ်တွေကို ဘယ်လိုရထားတယ် ဆိုတာကို ယူကရိန်းအစိုးရက ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။
Source/Photo-Reuters