Home
နိုင်ငံတကာ
သမ္မတဂျိုးဘိုင်ဒင်က ဂျပန်ဝန်ကြီးချုပ်ကို အိမ်ဖြူတော်၌ တွေ့ဆုံ
DVB
·
April 11, 2024
Biden_Kishida_11042024

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဧပြီ ၁၀ ရက်က ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကို အိမ်ဖြူတော်ကနေ ကြိုဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ရန်လိုမှုကို ဟန့်တားဖို့ ပူးတွဲကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အာရုံစိုက်ရင်း ခိုင်မာပြီး ကြီးထွားလာတဲ့ မိတ်ဖက်ဆက်ဆံရေးကို ပြသဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေက ကြိုးပမ်းနေပါတယ်။

အမေရိကန်ရဲ့ အရေးအကြီးဆုံး အာရှမဟာမိတ်နဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရဲ့ အကြီးဆုံးရင်းမြစ်အဖြစ် ဖော်ပြလေ့ရှိတဲ့ ဂျပန်နိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း လုံခြုံရေးဥပဒေ အပြောင်းအလဲတွေ ဆက်တိုက်လုပ်ပြီးတဲ့နောက် စစ်ပွဲကိုဆန့်ကျင်တဲ့ အခြေခံဥပဒေကို ပြောင်းလဲပြီး ခြေလှမ်းတိုးလာဖို့ မျှော်လင့်ထားပါတယ်။

ကီရှီဒါဟာ ကြာသပတေးနေ့ကျရင် အမေရိကန်အောက်လွှတ်တော်မှာ မိန့်ခွန်းပြောမှာဖြစ်ပြီး တရုတ်ပြည်မကြီး အစိုးရရဲ့ တောင်တရုတ်ပင်လယ်အတွင်း ကျူးကျော်ဝင်ရောက်မှုတွေကို အာရုံစိုက်ဖို့ မျှော်လင့်ထားတဲ့ အစည်းအဝေးကို အမေရိကန် သမ္မတဘိုင်ဒင်နဲ့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ တို့နဲ့အတူ တက်ရောက်မှာပါ။

အမေရိကန်နဲ့ ဂျပန်တို့ဟာ အကျပ်အတည်းအတွင်း ဂျပန်တပ်တွေနဲ့ ပိုကောင်းကောင်း ဆောင်ရွက်နိုင်စေဖို့ ဂျပန်နိုင်ငံမှာရှိတဲ့ အမေရိကန်စစ်တပ်ရဲ့ ကွပ်ကဲမှုပုံစံကို အဆင့်မြှင့်တင်မယ့် လှုပ်ရှားမှု အပါအဝင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် ၇၀ လောက်ကို ရအောင် မရမနေ ကြိုးစားအားထုတ်ခဲ့ပါတယ်။

စစ်ဘက်နဲ့ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေ ပိုမိုပူးပေါင်း ဖွံ့ဖြိုးတိုးတက်လာစေမယ့် ခြေလှမ်းတွေကို ဘိုင်ဒင်နဲ့ ကီရှီဒါတို့က ကြေညာဖို့လည်း မျှော်လင့်နေကြပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013