Home
နိုင်ငံတကာ
တောင်ကိုရီးယား လွှတ်တော်ရွေးကောက်ပွဲတွင် အတိုက်အခံများ အနိုင်ရမည်ဟု ခန့်မှန်း
DVB
·
April 11, 2024
SouthKorea_11042024

တောင်ကိုရီးယားနိုင်ငံရဲ့ အဓိက အတိုက်အခံ ဒီမိုကရက်တစ်ပါတီ (DP) နဲ့ မဟာမိတ်တွေဟာ နိုင်ငံရဲ့ ဥပဒေပြုလွှတ်တော်အတွက် ဧပြီ ၁၀ ရက် ရွေးကောက်ပွဲမှာ အများစု အနိုင်ရမယ်လို့ ခန့်မှန်းထားပြီး သမ္မတ ယွန်းဆွတ်ခ်ယိုး အတွက် သိသိသာသာ ထိုးနှက်ချက်တခု ဖြစ်လာတယ်လို့ မဲရုံထွက်ပေါက်စစ်တမ်းတွေက ဖော်ပြထားပါတယ်။

ရုပ်သံလွှင့်ဌာန KBS၊ MBC နဲ့ SBS တို့ ပူးတွဲထုတ်ပြန်တဲ့ စစ်တမ်းတခုအရ အတိုက်အခံ DP နဲ့ အသေးစားမဟာမိတ်တွေဟာ အမတ်နေရာ ၃၀၀ ရှိတဲ့ လွှတ်တော်အတွင်း အမတ် ၁၈၃ ဦးကနေ ၁၉၇ ဦးကြား အနိုင်ရနိုင်ပြီး ယွန်းရဲ့ ကွန်ဆာဗေးတစ်ပြည်သူ့အာဏာပါတီ (PPP) နဲ့ တွဲဖက်တွေကတော့ အမတ်နေရာ ၈၅ ကနေ ၁၀၀ ကြား ရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ကေဘယ်လ်ကွန်ရက် JTBC ကလုပ်တဲ့ နောက်ထပ်စစ်တမ်းတခုအရ အတိုက်အခံတွေက အမတ်နေရာ ၁၆၈-၁၉၃ နေရာ ရနိုင်ခြေရှိပြီး PPP ညွန့်ပေါင်းက ၈၇ ကနေ ၁၁၁ နေရာ ရနိုင်တယ်လို့ ဟောကိန်းထုတ်ထားပါတယ်။

PPP အကြီးအကဲ ဟန်ဒုံဟွန်းက အတိုက်အခံအများစုဟာ တိုင်းပြည်အတွက် အကျပ်အတည်းတခု ဖန်တီးလိမ့်မယ်လို့ ပြောခဲ့ပြီး မဲရုံထွက်ပေါက် စစ်တမ်းရလဒ်တွေက စိတ်ပျက်စရာကောင်းတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အသေးစိတ်မပြောဘဲ နောက်ဆုံးရလဒ်တွေကို စောင့်နေတယ်လို့ ပြောခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီ အကြီးအကဲ လီဂျေးမြောင် ကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မှတ်ချက်မပေးသေးပါဘူး။

တရားဝင်ရလဒ်တွေကို ဧပြီ ၁၁ ရက်မတိုင်မီ ထုတ်ပြန်နိုင်ဖို့ မျှော်လင့်ထားပေမဲ့ အရင်ရွေးကောက်ပွဲတွေမှာ မဲရုံထွက်ပေါက် စစ်တမ်းတွေက တရားဝင် မဲရလဒ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အတိအကျ ထင်ဟပ်လေ့ရှိတယ်လို့ မီဒီယာတွေက သုံးသပ်ကြပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013