Home
အားကစား
လက်မှတ်ဈေးနှုန်းမြင့်တက်မှုကို  လီဗာပူးပရိသတ် ဆန္ဒပြမည်
DVB
·
April 11, 2024

လက်မှတ်ဈေးနှုန်းမြင့်တက်လို့ ဆန္ဒပြမယ့် လီဗာပူးပရိသတ်တွေကို နားလည်ကြောင်းနည်းပြ ယာဂန်ကလော့ပ်က ပြောသွားပါတယ်။

လီဗာပူးအသင်းဟာ လာမယ့်ရာသီအတွက် တရာသီစာ လက်မှတ်ဈေးနှုန်းတွေကို ၂ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပြီး ပေါင် ၇၅၃ ကနေ ၉၀၄ အထိ ကျသင့်မှာပါ။

လီဗာပူးမြို့ဟာ နိုင်ငံအတွင်း ကြွယ်ဝချမ်းသာမှုအနည်းဆုံးဒေသတွေထဲက တခုဖြစ်တာကြောင့် လက်မှတ်ဈေးနှုန်းမြင့်တက်တဲ့အပေါ် ပရိသတ်တွေက ကျေနပ်မှု မရှိခဲ့တာပါ။ 

လီဗာပူးအသင်းရဲ့ တရာသီစာလက်မှတ်ဝယ်ယူတဲ့ Spion Kop 1906 အဖွဲ့ကတော့ အက်တလန်တာအသင်းနဲ့ ယူရိုပါ လိဂ်ပွဲစဉ်မှာ အသင်းအလံတွေကို ယူဆောင်မလာတဲ့နည်းနဲ့ လက်မှတ်ဈေးတက်ခဲ့တာကို ဆန္ဒပြသွားမယ်လို့ သိရပါတယ်။

နည်းပြကလော့ပ်ဘက်ကတော့ ပရိသတ်တွေရဲ့ ကန့်ကွက်မှုအပေါ် နားလည်ပြီး အသင်းဘက်က အဆင်ပြေနိုင်မယ့် အဖြေတခုရှာဖွေနိုင်လိမ့်မယ်လို့  ယုံကြည်ကြောင်း ပြောသွားပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013