ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ PSG အသင်းကို အနိုင်ရခဲ့တဲ့အပေါ် ဂုဏ်ယူမိကြောင်း ဘာစီလိုနာနည်းပြ ဇာဗီက ပြောသွားပါတယ်။
ဘာစီလိုနာဟာ အဝေးကွင်းမှာ ကစားခဲ့ရပေမဲ့ PSG အသင်းရဲ့ ဦးဆောင်မှုကို ပြန်လည်ချေပကာ အနိုင်ဂိုးပါ သွင်းယူနိုင်ခဲ့ပြီး ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
အဲဒီပွဲစဉ်မှာ ၂ ဂိုးသွင်းခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမား ရာဖင်ညာနဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးတို့ကို ဇာဗီက ချီးကျူးခဲ့ပြီး ကူညီပံ့ပိုးပေးတဲ့ ကွင်းလယ်ကစားသမား ပက်ဒရီဟာလည်း ကွဲပြားခြားနားမှုတွေ လုပ်ဆောင်နိုင်သူဖြစ်ကြောင်း ပြောပါတယ်။
နိုင်ပွဲအတွက် အလွန်ပျော်ရွှင်မိပြီး အသင်းရဲ့ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူမိကြောင်း ဇာဗီက ပြောသွားပါတယ်။
PSG ကို အနိုင်ရခဲ့တာက ဖိအားဒဏ်ခံရနေတဲ့ ဇာဗီအတွက် ကျေနပ်စရာဖြစ်ခဲ့ပြီး ဆီမီးဖိုင်နယ် တက်လှမ်းဖို့လည်း အခွင့်အရေး ပိုကောင်းသွားခဲ့ပါတယ်။
Photo-Reuters