တရုတ်နိုင်ငံဆိုင်ရာ ခရီးသွားလာရေး အကြံပေးချက်ကို ပြန်ရုပ်သိမ်းဖို့ အမေရိကန်အစိုးရကို တရုတ်အစိုးရက ဧပြီ ၁၀ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
ဒီခရီးသွားသတိပေးချက်ဟာ လုံးဝကျိုးကြောင်းဆီလျော်မှုမရှိဘဲ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး အတွက် ထိခိုက်တဲ့ အတားအဆီးတခုလို့ တရုတ်ဘက်က ခေါ်ဆိုခဲ့ပါတယ်။
ဒီသတိပေးချက်တွေဟာ အမေရိကန်နဲ့ တရုတ်လူမျိုးတွေကြား အပြန်အလှန်ဖလှယ်မှုကို လျှော့ချနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေကို အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ထ်ကမ့်ဘဲက ဧပြီ ၉ ရက်မှာ အသိအမှတ်ပြုခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနကခုလို မှတ်ချက်ပေးခဲ့တာပါ။
တရုတ်နိုင်ငံဆီ ခရီးသွားမယ့် အမေရိကန်ပြည်သူတွေအတွက် ပြည်တွင်းဥပဒေတွေကို တမင်ကျင့်သုံးတာ၊ ပြည်ပပြန်လည်ထွက်ခွာခွင့် တားမြစ်ပိတ်ပင်တာနဲ့ မှားယွင်းဖမ်းဆီး ခံရနိုင်တာ စတဲ့ ဘေးအန္တရာယ်တွေကြောင့် ပိုသတိထားကြဖို့နဲ့ တရုတ်ပြည်မကြီးကို သွားရောက်လည်ပတ်မယ်ဆိုရင် ပြန်စဉ်းစားဖို့ သတိပေးချက် အထပ်ထပ်ကို အမေရိကန် နိုင်ငံခြားရေးဌာနက ပုံမှန် ထုတ်ပြန်ခဲ့တာပါ။
တရုတ်ကလည်း အမေရိကန်ဆီသွားမယ့် တရုတ်တွေအတွက် ခရီးသွား သတိပေးချက်တန်ပြန် ထုတ်ပြန်ခဲ့ပြီး အမေရိကန် သူလျှိုတွေက တရုတ်တွေ အမေရိကန်နိုင်ငံအတွင်း ဆိုက်ရောက်ရာ နေရာတွေမှာ နှောင့်ယှက်တာတွေ ပိုတိုးလာနေတယ်လို့ စွပ်စွဲခဲ့ပြီး အမေရိကန် အရာရှိတွေက စွဲချက်ကို ငြင်းဆိုထားပါတယ်။
Source/Photo-Reuters