ယီမင်နိုင်ငံက ဟူသီသူပုန်တွေဟာ အေဒင်ပင်လယ်ကွေ့မှာ ဒရုန်းတွေနဲ့ ရေတပ်ဒုံးကျည်တွေ ပါတဲ့ အမေရိကန်စစ်သင်္ဘော အပါအဝင် ရေယာဉ် ၄ စင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဧပြီ ၁၀ ရက်မှာ ပြောခဲ့ပါတယ်။
အီရန်နဲ့ မဟာမိတ်ဖြစ်တဲ့ ဟူသီအဖွဲ့ဟာ MSC ဒါဝင်သင်္ဘော၊ MSC ဂျီနာ၊ မဲ့စ်ခ် ယော့ခ်တောင်း သင်္ဘောနဲ့ အမေရိကန်ဖျက်သင်္ဘောတို့ကို တိုက်ခိုက်ခဲ့တယ်လို့ ဟူသီတွေရဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာယာ စရီးယားက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
ပင်လယ်နီထဲမှာ လပေါင်းအတော်ကြာအောင် ဟူသီတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ကုမ္ပဏီတွေဟာ အာဖရိက တောင်ပိုင်းတဝိုက်ထိ သွားရတဲ့ ပိုခရီးရှည်ပြီး အကုန်အကျ ပိုများတဲ့ ခရီးစဉ်တွေကို ပြန်လည်လမ်းကြောင်းပြောင်းပြီး သွားလာနေရတာပါ။
ဟူသီသူပုန်တွေဟာ ကမ္ဘာလုံးဆိုင်ရာ သင်္ဘောတွေကို အနှောင့်အယှက်ပေးနေပြီး အစ္စရေးနဲ့ ဟားမတ်စ်စစ်ပွဲကနေ အရှေ့အလယ်ပိုင်းတခုလုံး မတည်မငြိမ်ဖြစ်တဲ့အထိ ပျံ့နှံ့လာမှာကို စိုးရိမ်စေခဲ့ပါတယ်။
အမေရိကန်နဲ့ ဗြိတိန်တို့ကလည်း သင်္ဘောတွေ တိုက်ခိုက်ခံရတာကို တုံ့ပြန်တဲ့အနေနဲ့ ဟူသီပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြပါတယ်။
Source/Photo-Reuters