Home
နိုင်ငံတကာ
ကိုလံဘီယာတွင် မိုးခေါင် ရေရှားမှုကြောင့် ရေကို ခွဲတမ်းဖြင့်ပေး
DVB
·
April 9, 2024
Drought in the San Rafael reservoir in La Calera

ကိုလံဘီယာနိုင်ငံ မြို့တော်ဘိုဂိုတာမှာ အယ်နီညို ရာသီဥတုပုံစံကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မိုးခေါင် ရေရှားမှု သက်သာစေဖို့ အခုသီတင်းပတ်အတွင်း ရေကို ခွဲတမ်းနဲ့ စတင်ပေးတော့မှာ ဖြစ်ကြောင်း မြို့တော်ဝန် ကားလော့စ် ဂါလန်က ဧပြီ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

အန်ဒီယမ်နိုင်ငံရဲ့ ခြောက်သွေ့ရာသီကို ပိုမိုဆိုးရွားလာစေပြီး ရေလှောင်ကန်ရဲ့ ရေပမာဏအဆင့် ကျဆင်းသွားကြောင်းလည်း ဆိုပါတယ်။ 

မြို့တော်ဝန် ဂါလန်က “အခြေအနေက အယ်နီညိုဖြစ်စဉ်နဲ့ ဆက်စပ်နေပြီး မတ်လအတွင်းမှာ အခြေအနေတွေ ပိုဆိုးလာတာကြောင့် လရဲ့နောက်ဆုံးပတ်မှာ မိုးရွာမယ်လို့ မျှော်လင့်ရပါတယ်”လို့  ပြောပါတယ်။ 

ရေကို အကန့်အသတ်နဲ့ ပေးမယ့် အစီအစဉ်မှာ မြို့တော်အနီးရှိ စည်ပင်သာယာရေးနယ်မြေ ၁၁ ခုမှာလည်း သက်ရောက်မှာဖြစ်ပြီး အနည်းဆုံး လူ ၉ သန်းလောက်ကို ထိခိုက်မှာဖြစ်ပါတယ်။ 

အယ်နီညိုဖြစ်စဉ်ဟာ ၂၀၂၃ ခုနှစ်  အကုန်မှာ ကိုလံဘီယာကို ရောက်ရှိလာခဲ့ပြီး အပူချိန် မြင့်မားမှုနဲ့ မိုးခေါင်မှုတွေလည်း ဖြစ်ပေါ်လာတာကြောင့် အန်ဒီယမ်နိုင်ငံတဝန်း တောမီးတွေလည်း လောင်ကျွမ်းကာ ရေလှောင်ကန်တွေမှာ ရေပမာဏ နိမ့်ကျမှုက ဆယ်စုနှစ်တွေအတွင်း အနိမ့်ဆုံးအဆင့်အထိ ရောက်ရှိခဲ့ပါတယ်။ 

အခု ၂၀၂၄ ခုနှစ်မှာလည်း ရေပမာဏ ကျဆင်းမှုဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း အနိမ့်ဆုံး ဖြစ်မယ်လို့ ခန့်မှန်းထားကြောင်းလည်း မြို့တော်ဝန်က ပြောပါတယ်။ 

ဘိုဂိုတာ မြို့တော်ရဲ့ ရေလိုအပ်ချက် ၇၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနေတဲ့ ချင်ဂဇာ ရေကန်ကြီးမှာလည်း ရေထိန်းသိမ်းနိုင်မှုက အခုနှစ်နဲ့ လာမယ့်နှစ်အတွက်ပါ မျှော်လင့်ထားတဲ့ ခန့်မှန်းချက်အားလုံးထက် နိမ့်ကျနေတာကြောင့် ရေသုံးစွဲမှုကို လျှော့ချမယ့် အစီအမံတွေကို လုပ်ဆောင်ရတာလို့ ဆိုပါတယ်။

Source/Photo-REUTERS/Herbert Villarraga

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013