Home
မြန်မာသတင်း
နန့်ယားကျေးရွာအထိုင်ချ စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ် သွားရောက်တိုက်ခိုက်
DVB
·
April 9, 2024
KIA 942024

ကချင်ပြည်နယ် ကားမိုင်း-ဖားကန့် သွားလမ်းပေါ် နန့်ယားကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ် (SNA) တပ်တွေကို ဧပြီ ၉ ရက် မနက် ၅ နာရီလောက်ကစပြီး KIA နဲ့ PDF ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိအချိန်ထိ နှစ်ဖက်အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA ဘက်က ဒရုန်းနဲ့ တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ နှစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်မှုတာကြောင့် ကျေးရွာထဲက လူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ အပတ်လောက်ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ နန့်ယားမှာ အခြေချထားတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မယ်ဆိုတဲ့သတင်း ထွက်ပေါ်လာပြီးနောက် နန့်ယားကျေးရွာနဲ့ အနီးအနားကျေးရွာတွေဖြစ်တဲ့ ကပ်မှော၊ ဆိုင်းဖရာ စတဲ့ ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

နန့်ယားဂိတ်ကတော့ ကားမိုင်း - ဖားကန့်သွားလမ်းပေါ်က အစစ်အဆေးကြမ်းတဲ့ ဂိတ်ဖြစ်ပြီး ဖားကန့်မြို့ဘက်ကို စက်သုံးဆီကားတွေကို ပေးမဖြတ်တာ၊ ဆန်နဲ့ ဆေးဝါးပစ္စည်းတွေကို သယ်ဆောင်ဖို့ တားမြစ်ခဲ့တဲ့ ဂိတ်လည်း ဖြစ်ပါတယ်။

နန့်ယားဂိတ်ဟာ ဖားကန့်ကိုလာတဲ့ ခရီးသည်တင်ကားတွေ၊ ကုန်ကားတွေအားလုံးကို ပိတ်ဆို့ စစ်ဆေးတဲ့ အဓိက စစ်တပ် ဂိတ်စခန်းကြီးတခုဖြစ်ပြီး အဲဒီစခန်းမှာ စစ်အင်အား ၂၅၀ နီးပါး တပ်စွဲထားသလို ပြည်သူ့စစ်တွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေစစ်ဆေးကြတဲ့ စုပေါင်းဂိတ်စခန်းလည်း ဖြစ်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013